ဇာတ်သိမ်းပိုင်း

433 39 26
                                    

နီ​​ထွေးနေ​သော သစ်ရွက်က​လေးများသည် အလင်းကြောက်သည့် ဆောင်းရာသီ ကုန်ဆုံးတော့မည် ဖြစ်​ကြောင်း အသိပေး​နေသည်။​ဟိုးအ​ဝေးတစ်​နေရာမှ ဥ​သြငှက်ငယ်၏ တစ်ကိုယ်တော်ရင်ဖွင့်သံ သဲ့သဲ့ကိုလည်း ကြား​နေရသည်။ရေချိုး​ပြီးခါစ သနပ်ခါးအ​ဖွေးသားနှင့် အရွယ်စုံက​လေးများသည် သစ်ပင်များဖြင့် ခြံရံထားသော အတန်အသင့်ကျယ်​သည့် မြေနီလမ်း​လေးထက်တွင် ထုပ်စည်းထိုးတန်းကစား​နေ​ကြသည်။​ထိုမြေနီလမ်းလေးထက် အနည်းငယ်မြင့်သော ကုန်းမို့မို့ပေါ်တွင် သစ်သားအိမ်ငယ်လေးတစ်ခု ရှိနေသည်။ခြံစည်းရိုးတောက်လျှောက်တွင် သစ်ခွပန်းရောင်စုံဖြင့် အလှဆင်ထားသော ထိုနှစ်ထပ်အိမ်ကလေးသည် အဝေးကကြည့်လျှင်ပင် တည်ငြိမ်အေးချမ်းသော အသွင်ကိုပေးသည်။

"ပူစူးရေ ဟိုဘက်အိမ် ဘဘကို ဒီသင်္ဘောသီး လေး သွားပေးပေး၊လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေးနော်။မေမေ ပေးခိုင်းတယ်လို့ပြော ကြားလား၊ဖြည်းဖြည်းသွား မပြေးနဲ့''

က​လေးအုပ်စုထဲမှ လူကောင်အသေးဆုံး ကောင်လေးသည် သူ့တစ်ဝက်လောက်ရှိသော သင်္ဘောသီးကို မနိုင်မနင်း ပွေ့ကာ ကုန်းမြင့်အိမ်ကလေးဘက်သို့ ခုန်ဆွခုန်ဆွ လျှောက်လာသည်။တစ်ချက် တစ်ချက်ခုန်လိုက်တိုင်း ပြည့်ဖောင်းနေသော ပါးကလေးများက ဂျယ်လီတုံးလေးလို တုန်ခါသွားသည်။

"ဘဘ မေရီး ပေးခိုင်းတာ''

မီးခိုးရောင် သိုး​မွှေးအကျီလက်ရှည်ကို ဝတ်ထားသော အဘိုးအိုတစ်ဦးသည် ခြံထဲရှိ နှင်းဆီအဝါနှင့်အဖြူရောစိုက်ထားသော ပန်းအိုးကို ရေလောင်းနေသည်။လူကောင်သေးသလောက် အသံစာသည့် က​လေးလေး၏ မပီကလာပီကလာ အသံစူးစူးကို ကြားလိုက်ရသောအခါ အဘိုးအို၏ လေးကိုင်း သဏ္ဍာန် နှုတ်ခမ်းလေးများ အ​ပေါ်သို့ ကော့ညွတ်သွားသည်။

"ကဲ ဒီမှာ သကြားလုံးတစ်ဆုပ်ယူသွား..သူငယ်ချင်းတွေနဲ့ ခွဲစားနော် ပေါက်စလေး..မေကြီးကို ဘဘက ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦးကွယ်''

အဘိုးအိုပေးသော သကြားလုံးများကို လက်သေးသေးလေးများနှင့် အကုန်မသယ်နိုင်သောအခါ ကျောပြင်သေးသေးတွင် ချီထားသော စူပါမန်းဝတ်ရုံကို အိတ်လုပ်၍ သိမ်းထည့်လိုက်သည်။သကြားလုံးထုတ်ကို ကြင်ကြင်နာနာ ပွေ့ဖက်ကာ ခြေသလုံးတုတ်တုတ်ကလေးများဖြင့် လုံး​နေ​အောင်ပြေးသွားလေသည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now