ငှက်ဖြစ်ချင်တယ် Part 13

228 32 17
                                    

ဟူဒီအ​​​ဖြူနှင့် တီရှပ်လက်ရှည်အဖြူကို လက်တစ်ဖက်စီ၌ကိုင်လျက် သေချာကြည့်ပြီးနောက် တီရှပ်လက်ရှည်ကို ဘီဒိုထဲပြန်ထားလိုက်သည်။တစ်မနက်လုံး အဖြူရောင်အဝတ်အထည်များသာ ရှိနေသော အဝတ်ဘီဒိုကို ဖွင့်လိုက်ပိတ်လိုက်၊တစ်ထည်ပြီးတစ်ထည် ထုတ်ကြည့်လိုက် ပြန်သွင်းလိုက်လုပ်နေသည်မှာ ချစ်သူနှင့် ပထမဆုံးဒိတ်ကို သွားရမည့် မိန်းမငယ်လေးလို။မှန်ကိုအချိန်ကြာကြာ ဟိုလှည့်သည်လှည့်နှင့် ​ကြည့်နေမိသောအခါ မှန်မှတစ်ဆင့်မြင်နေရသော တိမ်ယံသည် မျက်မှောင်ကြုံ့လျက် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဟီး...ငါဒီနေ့အစ်ကိုမာန်နဲ့ချိန်းထားလို့လေ။မင်းရောလိုက်ခဲ့မလား။အစ်ကိုမာန်က ပန်းတွေအများကြီးရှိတဲ့နေရာ ခေါ်သွားမယ်တဲ့''

"သူ​ခေါ်တိုင်း လိုက်စရာလား။ငါစိတ်ပါရင် ငါ့ဟာငါသွားမယ်။မင်းသာ မြန်မြန်သွားပြီး မြန်မြန်ပြန်လာ။အပြင်ထွက်လေ့မရှိလို့ တစ်ခါတစ်ခါထွက်ပြီးတိုင်း သေမတတ်ပင်ပန်းနေပြီးတော့''

"အင်းပါ။ငါ အဲ့ဒီ့တစ်နေရာထဲသွားပြီး ပြန်လာခဲ့မယ်။ကတိ..ကတိ''

တိမ်ယံသည် ခွန်း​မြတ်စံအား စိုက်ကြည့်နေရာမှ ရုတ်တရက်ဆန်စွာပင် ဝတ်ထား​သောတီရှပ်အမည်းကို ချွတ်ချလိုက်သည်။ထို့နောက် ခွန်းမြတ်စံကို ကျောပေးရပ်လိုက်သောအခါ ကျယ်ပြန့်သော တိမ်ယံ၏ နောက်ကျောပြင်တွင် ငှက်တောင်ပံပုံစံအမည်းရောင်တက်တူးက နေရာအပြည့်ယူထားသည်ကို တွေ့လိုက်ရသည်။

"လှလိုက်တာ တိမ်ယံရာ။ဘယ်တုန်းက ထိုးလိုက်တာလဲ''

"မင်းက ငှက်တွေအကြောင်းအမြဲပြောနေပြီး အတောင်ပံလိုချင်တယ်ပဲဖြစ်နေတော့ ငါလည်းထိုးလိုက်တာ။မင်းကြိုက်တာမှန်သမျှ ငါကြိုက်တယ်လေ''

ခွန်း​မြတ်စံသည် မြင်နေရသော ကျောပြင်ကျယ်ကြီးထံ ပါးအပ်လိုက်ပြီး တိမ်ယံ၏ ခါးကို လက်သွယ်သွယ်များဖြင့် ခပ်ဖွဖွဖက်ထားလိုက်သည်။

"မင်းလို သူငယ်ချင်းမျိုးရတာ ငါ့အတွက်တော့ တကယ့်ကို ကံကောင်းမှုကြီးပဲ သိလား''

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now