ငှက်ဖြစ်ချင်တယ် Part 3

347 33 18
                                    

ခွန်း​မြတ်စံသည် ခြေထောက်တုတ်တုတ်​​​လေးနှင့် ပြေးနိုင်သမျှ ပြေးသောအခါ ဗိုက်ပူပူလေးက တတုံတုံနှင့် အထက်အောက် ရွေ့နေသည်။လွတ်​မြောက်​ခြင်းဟူသည့် ခံစားချက်....နန်း​တော်အကျဥ်းထောင်ကြီးနှင့် ဝေးသထက်ဝေးလာရသည့် ခံစားချက်...အရှိန်တင်ပြေးလိုက်သောအခါ တစ်ကိုယ်လုံးကို တိုးဝင်လာသည့် လွတ်လပ်ပေါ့ပါးခြင်း၏ သင်္ကေတဖြစ်သော လေပြည်နုနု။အားလုံးစုပေါင်းလိုက်သောအခါ သည်ကနေ့သည် ခွန်းမြတ်စံ ​​​မျှော်လင့်တ​ကြီး စောင့်နေခဲ့ရသော နေ့တစ်နေ့ဖြစ်လာသည်။

"ရား.. အနီကောင်ကွ''

အရိပ်အာဝါသ​ကောင်း​သော ညောင်ပင်ကြီး၏​ အောက်တွင် တီရှပ်အနီဝတ်ထားသော ကလေးတစ်ယောက်သည် အမဲရောင် တီရှပ်နှင့် ကလေး၏ ခေါင်းသို့ လက်တစ်ဖက်​​ဖြင့်ရိုက်လိုက်သည်ကို ခွန်းမြတ်စံရပ်ကြည့်​နေမိသည်။

"ဟားဟား...လာစမ်းပါ။ငါက အမဲကောင်...ရား''

အမဲကောင်လေးမှာ အနီကောင်လေး၏ ကျောဘက်သို့ လက်သီးခပ်ဖွဖွထိုးလိုက်သည်။

"ကိုကြီးတို့...သားလည်း ပါချင်တယ်''

"ဟာ ခွန်း​မြတ်စံပါလား။သားအဖေပြန်လာ​ပြီထင်တယ် ဟုတ်လား''

အနီးရှိ ကွပ်ပျစ်တွင်ထိုင်​နေ​​သောအ​​​ဒေါ်​​ကြီးတစ်​​ယောက်က ခွန်း​မြတ်စံအား မေးသောအခါ ခေါင်း​လေးသာငြိမ့်​ပြလိုက်သည်။ခွန်း​မြတ်စံတို့ မိသားစုကို ရပ်ကွက်ထဲတွင် မသိသူမရှိ။ခွန်း​မြတ်စံ၏ မိခင်သည် မတူသလို၊မတန်သလိုဆက်ဆံတတ်သော
ပုံစံကြောင့် ကြည့်မရကြသော်လည်း ဖခင်က ဖော်ဖော်ရွေရွေရှိ​ခြင်းကြောင့်သာ အခေါ်အပြောလုပ်နေကြခြင်း ဖြစ်သည်။

အနီရောင်တီရှပ်နှင့် ကလေးက ခွန်းမြတ်စံ၏ပုခုံးပေါ်လက်တင်လိုက်ပြီး ကစားရန်ခွဲတမ်းချသည်။

"အေး..မင်းက အဖြူဝတ်ထားတာဆိုတော့ ပါဝါရိန်းဂျား အဖြူကောင်လုပ်။အမဲကောင်..မင်းက လူဆိုးလုပ်ကွာ။ငါတို့နှစ်ယောက် မင်းကိုလာချမယ်''

"အေး..လုပ်''

"ရား...ပါဝါရိန်းဂျားတွေ လာပြီကွ''

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now