VVIP Extra(New Year gift for my readers)

14.2K 1.2K 89
                                    

Unicode

မျက်နှာပေါ်သို့ဖြာကျလာသည့် နေရောင်ခြည်က
ပူပြင်းခြင်းမရှိခဲ့ဘဲ အနွေးဓာတ်ကိုသာဆောင်ကြဉ်းပေးခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်ရာပတ်ဝန်းကျင်၌ လှိုင်းပုတ် သံများက အထင်းသားထွက်ပေါ်လို့နေလျှင်၊
မှေးကာအိပ်နေရင်းမှ တည်တံ့မောင်ကပြုံး​၏။

"ချိုချိုသောက်မယ်..ဖေ ချိုချို"

ဒီဒီက ကုတင်ပေါ်သို့ မရရအောင်ကုန်းတက်လို့
လာသည်။ကုတင်ပေါ်သို့ရောက်ပါက တည်တံ့
ပေါ်သို့တက်ထိုင်လာ​၏။အင်္ကျီမဝတ်ထားသော
တည်တံ့ကိုကြည့်ကာ သားက လက်ခုပ်တီးလျက် 'ချိုချို'ဟုဆို၍ တည်တံ့မောင်၏ရင်ဘတ်ပေါ်မှ
အသီးလေးကိုပင် လှမ်းငုံတော့​၏။သားက နို့ဘူး
စို့နေကျအတိုင်း စို့နေသော်ငြား တည်တံ့ကတော့
သူ့သားဟုမထင်၊ရောင်ခြည်ဦးဟုသာ ထင်​၏။

"ရောင်ခြည်ဦး ဖယ်စမ်းဗျာ၊သေနာကောင် ဖယ်လို့ပြောနေတယ်လေ"

အိပ်ချင်မူးတူးဖြင့်တည်တံ့က ဒီဒီ့ကိုပင်
ရောင်ခြည်ဦးအမှတ်နှင့် ဖယ်ခိုင်းနေတော့သည်။
ရောင်ခြည်ဦးမှာ ဒီဒီ​၏ကစားစရာများကိုထုတ်ပေး
နေရင်းမှ တည်တံ့ကိုကြည့်ကာ အသံတိတ်ရယ်နေ
​၏။

ဒီဒီက တည်တံ့မောင်​၏ပေါ်တွင် ဝမ်းလျားမှောက် လျက် နို့စို့နေရင်းမှ ရောင်ခြည်ဦးအား လက်ကလေးခါပြလာသည်။ဘာမှထွက်မလာသည်ကိုပင် သားက ပြောပြချင်နေသော်ငြား၊တည်တံ့က
ရောင်ခြည်ဦးဟုသာထင်နေ၍ သားကအသံတိတ်
လက်ကလေးသာခါပြ​၏။

"ရောင်ခြည်ဦး..အစ်ကိုရေ ဖယ်ပေးပါဆိုဗျာ"

"မျက်ရုံးတို ဖွင့်ကြည့်ချမ်းပါရုံးရား။
ဟွန့် ဖေ့ချိုချိုက ချိုချိုရဲထွက်ဝူး"

ထိုမှ သားကနှုတ်ခမ်းကိုစူကာ တည်တံ့မောင်ပေါ်
မှဆင်း၍ ဘေး၌ထိုင်တော့သည်။လက်ပိုက်လျက်
ရောင်ခြည်ဦးကိုပင် မျက်စောင်းထိုးပြနေသေး
သည်။

ယခုမှ တည်တံ့ခမျာမှာ သား​၏အသံကြောင့်
အိပ်နေရာမှ ကမန်းကတန်းကုန်းထကာလည်း
စောင်ဖြင့် တစ်ကိုယ်လုံးကိုပင် ပတ်ထားတော့
သည်က ကပျာကယာရယ်သာ။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now