Special Extra-1

14.9K 1.4K 96
                                    

Unicode

"ဒီရေဦးရေ..မနက်နေထွက်ကတည်းက ညမိုး
ချုပ်တဲ့အထိ..မိုက်တစ်လုံးကိုင်ပြီး ဆိုလိုက်ရတဲ့
သီချင်း။နေ့တိုင်းဆိုတော့ ကျုပ်တို့နားတွေတောင်
မခံနိုင်တော့ဘူးကွ"

တည်တံ့မောင်က ဒီဒီသီချင်းဆိုနေသည့်နားတွင်
လှဲကာ နားကိုပိတ်၍ပြောနေ​၏။
ဒီဒီက ရောင်ခြည်ဦး​၏နေကာမျက်မှန်ကိုတပ်ထားကာ အပေါ်မှကုတ်အင်္ကျီကြီးကိုလည်း ဝတ်ထားသေးသည်။တည်တံ့ကိုပင် နှုတ်ခမ်းစူပြလာ၍ ကြည့်ရင်း မျက်စောင်းကလေးလည်းထိုးတော့
သည်။

"ဖေရ တုရော့ ဒီ့တိုကျောပြီပေါ့ရေ"

အခုတော့ ဒီ့ကိုပြောပြီပေါ့လေဟု သားကပြောရင်းမိုက်ကိုပင် အောက်သို့ချလိုက်ရှာသည်။တည်တံ့မောင်​၏ ရင်ဘတ်ပေါ်သို့တက်ထိုင်လိုက်ကာ
လျှောလျှောကျနေသည့် ရောင်ခြည်ဦး​၏နေကာ
မျက်မှန်ကြီးကိုလည်း သားခမျာ ပင့်တင်နေရသေး​သည်။

"ဒယ်ဒီ့ရဲ့ နေကာမျက်မှန်ကြီးကိုလည်းတပ်ထား
တဲ့အပြင်၊ကုတ်အင်္ကျီကိုပါ ယူဝတ်ထားသေး
တယ်။ဒယ်ဒီပြန်လာလို့တွေ့သွားရင် အဆူခံရမယ် လေသားရဲ့"

"ဒယ်ဒီ ဆူရဲပါဝူးဖေရယ်၊ဒယ်ရ ဖေရှိရင်ဆူရဲဝူး"

လက်ကလေးတစ်ခါခါဖြင့် ရောင်ခြည်ဦးက တည်တံ့မောင်ရှိလျှင် သူ့အား မဆူရဲကြောင်း
သားက ရှင်းပြနေတော့သည်။

ကြီးကြီးယဉ်နှင့်မကိခဗျာမှာ tvခလုတ်နှင့်အောက်စက်များကိုပိတ်ပြီးသော်ငြား နားထဲ၌ ဒီဒီ့သီချင်း
ဆိုသံတို့ကသာ စွဲနေ​ချေ၏။

"အမလေးမြေးလေးရယ်..ဖွားယဉ်နားထဲမှာ
မြေးလေးရဲ့သီချင်းသံပဲကြားရတော့တယ်"

ဒီဒီကရယ်ရင်း တည်တံ့ကိုပင် ကုန်းနမ်းတော့​၏။

"ဒီ့သံရ တောင်းရယ်ရေ၊အရကားရဝူး"

"အလကားမရတာနောက်ထား၊အခုစာသင်ရမယ်
ဒီဒီ"

စာဆိုသည့်အသံကြားတာနှင့် တည်တံ့​၏အပေါ်
မှ ဒီဒီကထပြေးတော့သည်။ကြမ်းပြင်သို့တိုက်
နေသည့် ကုတ်အင်္ကျီကြီးကိုမကာ ခုံကြားထဲ၌ ဝင်၍ပုန်းနေသည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now