_Extra_(Special gift for Thadingyut)

14.7K 1K 86
                                    

Unicode

||Extra||

"သေ နာ ကောင် ရောင်ခြည်ဦး!"

ဗြောက်အိုးသံများဆူညံနေသည့်ကြားမှ
တည်တံ့မောင့်​၏အသံက ဟိန်းထွက်လာသည်။
အကြောင်းမှာကား ရောင်ခြည်ဦးပစ်လိုက်သည့်
ဗြောက်အိုး..သူ့အနားသွားကျကာ ထပေါက်လာ
​၍ပင်။"ဟားဟား"ဟူသော တဟားဟားရယ်သံ
ကြီးနှင့်တခစ်ခစ်ရယ်သံလေးကိုလည်း တည်တံ့
မောင်ကြားလိုက်ရပေသည်။

သူသိပါသည်။ဒါဟာ သားအဖနှစ်ယောက်
သူ့အား တမင်သက်သက်ပူပေါင်းကြံစည်ခြင်း
ပါပင်။

"ဒီဒီ..ဖေဖေစိတ်မဆိုးချင်ဘူးနော် ထွက်ခဲ့"

"ဒီရှိဝူးတဲ့ဖေ.."

ဒီဒီက သူမရှိဘူးဆိုကာ အသံပေးလာချေ
တော့ တည်တံ့မောင်ကအသံလာရာ သရက်
ပင်အနောက်ဘက်သို့ ခြေဖွဖွနင်းကာ သွားကြည့်
မိလိုက်သည်။ရောင်ခြည်ဦးနှင့်ဒီရေဦးက
သရက်ပင်အနောက်၌ပုန်းကာ ဘုရားအားကပ်
ထားသည့် ကိတ်မုန့်ကိုစွန့်ကာလည်း ခိုးစားနေ
ကြသေးသည်ကို တည်တံ့မြင်လိုက်ရပြန်သည်။

"အစ်ကို! ခင်ဗျားရူးနေလား။ကလေးကို
အချိုတွေမကျွေးနဲ့လို့သူပဲမှာပြီး သူပဲခိုးကျွေး
နေတယ်"

"တည်တံ့ကလည်း သားက စားချင်တယ်ဆိုပြီး
ငိုနေတာလေ..ကိုယ်ထိန်းလို့မရတာနဲ့ ကျွေးရ
တော့တာပေါ့"

"ဟုတ်ဝူးဖေ..ဟုတ်ဝူး။ဒယ်ရကြောရယ်
ကိတ်ကိတ်စားချင်ရားတဲ့။ဒီရရဲ အားနာရို့
ချားရတော့တာပေါ့"

ခွီ!
ခွီခနဲ တည်တံ့မောင်​၏ရယ်သံကြီးထွက်လာ
သည်။ဒီဒီပြောသည်က အားနာလို့သူစားရတာ
ပေါ့ဟူ၍သာ။ရောင်ခြည်ဦးခမျာ ဒီဒီ့ကိုလည်း သူဆူချင်နေသည်။တည်တံ့မောင်ရှိနေ၍လည်း သူမဆူရဲပေ။ထိုကောင်လေးက ပြောရတာ
မဟုတ်။

​"သေနာကောင်ရောင်ခြည်ဦး..အကောင်းစား
ယောကျာ်း"ဆိုသည့်အသံကြီးက ရပ်ကွက်ထဲ
၌ ဟိန်း၍ထွက်လာပေဦးမည်။
ဒီဒီက ရောင်ခြည်ဦး​၏ပေါင်ပေါ်မှဆင်းကာ
သူ့တင်ပါးလေးအား ဖုန်ခါနေသည်။ညနေစောင်း..နေရောင်ခြည်ပျောက်လုသဲ့သဲ့
ပေမို့ မျက်လုံးပြာပြာလေးမှာကား အရည်လဲ့
ကာလည်း တောက်ပနေချေသည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now