Chapter-5

25.8K 2.6K 65
                                    

Unicode

လင်းပိုင်နှင့်အတူတူဆော့နေပါသော ဒီဒီ့အား
တည်တံ့မောင်က အစ်ကိုဖြစ်သူသန့်ဇေဟိန်းနှင့်
ထိုင်လျက် ကြည့်နေသည်။ဒီဒီက ဆော့နေရာမှ
တည်တံ့မောင်ထံ စကားများ လှမ်းပြောနေသေး
သည်။

"ရွက်ဝါနဲ့အဆင်ပြေလားငါ့ညီ"

သန့်ဇေဟိန်း​၏စကားမှာကား ရိုးရိုးတန်းတန်း
တော့မဟုတ်ပေ။ဒါကို တည်တံ့မောင်လည်းသိ
သည်။

"အဆင်ပြေပါတယ်။မနက်ဖြန်တွေ့ဖို့တောင်
ချိန်းထားသေးတယ်။ကျွန်တော်တို့ နောက်နှစ်လောက် လက်ထပ်ရင်ကောင်းမလားလို့။
အဲ့ဒါ ကိုသန့်နဲ့ မအိမ့်တို့နဲ့အေးဆေးတိုင်ပင်ချင်
တယ်"

ထိုသို့ဆိုတော့ ကိုသန့်ဆီမှ သက်ပြင်းချသံ
ခပ်ဖွဖွကိုကြားရ​၏။

"ရွက်ဝါကိုမင်းယုံလား။အစ်ကိုကတော့ သေချာ
စဉ်းစားစေချင်တယ်။အစ်ကိုမနေ့က ရုံးကနေ
ပြန်လာတော့ ရွက်ဝါကိုတွေ့လိုက်တယ်။
သူတစ်ယောက်ထဲမဟုတ်ဘူးနော် ကားအကောင်းစားပေါ်မှာ ကောင်လေးတစ်ယောက်နဲ့။ပြီးတော့ လက်တွဲပြီး စားသောက်ဆိုင်ထဲကိုဝင်သွားတာ။ဘာဆက်လုပ်မှာလဲ သေချာစဉ်းစား"

တည်တံ့မောင်ရင်ထဲ၌ အစ်ကို့အပြောများအရ
ခံစားမှုများက ဗြောင်းဆန်လို့လာသည်။
ဤကိစ္စရပ်အပေါ် ဝုန်းဒိုင်းကြဲဖြေရှင်းရမည်မဟုတ်။ရွက်ဝါနှင့်သူ သေချာစကားပြောကြည့်
ဖို့တော့လိုပြီ။

ရောင်ခြည်ဦးပြောခဲ့တဲ့အချိန်ထဲက သူသေချာ
မေးခဲ့သင့်တာပဲ။ရွက်ဝါကိုသူယုံကြည့်ပေးခဲ့မိတာက သူ့အမှားပါ။သို့ပေမဲ့လည်း ရွက်ဝါကိုအဆုံးရှုံး
မခံနိုင်ပေ။ခြောက်နှစ်တာရှိတဲ့ ချစ်သူသက်တမ်း
ကို သူလွယ်လွယ်နဲ့တော့ပျက်စီးမခံနိုင်ချေ။
သူရွက်ဝါကိုချစ်သည်။သူဆိုးခဲ့သမျှကို ရွက်ဝါ
က သည်းခံပေးပြီးသူ့ကိုဖေးမကူညီခဲ့တဲ့
မိန်းကလေး။လက်ထပ်မဲ့သူက ရွက်ဝါလို့ပဲ
တည်တံ့မောင်ဆုံးဖြတ်ခဲ့ပြီးသားလေ။

"ဖေ..ဖေ တူပွန် တူပွန်"

ဒီဒီ့အသံကိုကြားမှ တည်တံ့မောင်အတွေးထဲ
ကနေ ရုန်းထွက်မိတော့သည်။ဒီဒီက မအိမ့် ကြော်ကျွေးတဲ့ပုစွန်တန်ပူရာကို ကိုင်ပြီးသူ့ကို
လာပြနေသည်။ဒီဒီပြောသည့် 'တူပွန်'ဆိုသည်မှာ 'ပုစွန်'ကိုပြောခြင်းဖြစ်​၏။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now