Chapter-24

24K 2.2K 253
                                    

Unicode

အခန်းတံခါးသို့ တဒေါက်ဒေါက်ခေါက်လာသူ
အား အဘယ်သူမှန်း ရောင်ခြည်ဦးကသိ​၏။
သိသော်လည်း ဟိတ်ဟန်ဖြင့်သာ ဘယ်သူဖြစ်
ကြောင်း အသံပြုကာ မေးမိလျှင်၊တစ်ပြိုက်နက်
တည်း ရယ်ပင်ရယ်ချင်လာ​၏။

ရယ်ပြုံးမိသွားခြင်းအား တည်တံ့မောင်အခန်းထဲ
သို့ဝင်လာလျှင် သူကမမြင်စေလို၍ အခန်းတံခါး
ဘက်သို့ ကျောပေးကာ လှည့်ထိုင်လိုက်သေးသည်။

"ဘယ်သူလဲ"

"ကျွန်တော်ပါ အစ်ကို"

အစ်ကိုဟုပြောထွက်ရဲသော ကိုယ့်နှုတ်ကိုပင်
ခပ်နာနာတစ်ချက် တီးမိရ​၏။စိတ်လှုပ်ရှားခြင်း
များ ရောပြွမ်းနေကာ၊နှုတ်၌ ဖွင့်ဟခေါ်ဆိုချင်
သည်မှာလည်း ထိုနာမ်စားတစ်ရပ်ကိုသာဖြစ်သည်။

"ဝင်ခဲ့"

ရောင်ခြည်ဦး​၏ တိုတောင်းသော ခွင့်ပြုမိန့်စကားသံအဆုံး သူကတံခါးကိုဖွင့်ကာဝင်​၏။

ကုတင်ပေါ်၌ ကျောပေးထိုင်နေသည့် အစ်ကို့ကို
မြင်လျှင် အနားသို့ချဉ်းကပ်မိသည်က ဖြောင့်
တန်းနေသည်။အကယ်၍များ အေးစက်သွားသော
အခြေအနေတစ်ရပ်ဖြစ်လျှင်တောင်၊အစ်ကို့ကို
စွန့်ကာ ရှောင်ဖယ်ပစ်လိုက်ရန်လည်း မတွေးမိချေ။

ဆက်ဆံရေးများ အေးစက်ကြဲတောက်သွားမည်
ဟုထင်ခဲ့ပါသော်ငြား..အစ်ကို့မျက်နှာပြင်အား
မြင်တွေ့ရလျှင် စိတ်နာမ်၌ပင် အလိုလိုနွေးထွေး
လာ​၏။

"သက်သာရဲ့လား"

"အင်း"

သူက လူပေါ်ခွေးကြောလျှင်..အဲလေ ထိုကဲ့သို့
ဝတ်ကျေတမ်းကျေမျှသာ ဆက်ဆံခံလိုက်ရပါ
လျှင် မျက်နှာမှာ ရှစ်ခေါက်ချိုးပင်ဖြစ်လို့လာသည်။

တိတ်တဆိတ် မျက်နှာလွှဲကာ ခိုးပြုံးမိခြင်းအား
တည်တံ့ကမိသွားလျှင် ရောင်ခြည်ဦး​၏မျက်နှာ
ကိုပင် ဆွဲထိုးပစ်လောက်သည်။သို့နှင့်..တည်တင်း
သောဟန်ကိုဖို့ကာ အရယ်အပြုံးကိုပင်ရပ်ရ​၏။

"ခင်ဗျား ပိန်သွားတယ်၊လူလိုအစားမစားဘူးလား"

"လူနာကို စကားပြောပုံက..ညင်ညင်သာသာပြော
မယ်မကြံဘူး။နေပါဦး..ကိုယ်က လူလိုအစားမစားလို့..မင်းကိုစားရမှာလား"

Don't Lie To Your Heartbeat(Completed)Where stories live. Discover now