Chapter-18

21K 2K 70
                                    

Unicode

ယနေ့ ဆိုင်၌လူများသည့်နေ့မှ ခွင့်ယူသူကယူ၊နေမကောင်းသူကမကောင်းနှင့် ဝန်ထမ်းအင်အားနည်းနေကာ နေ့တစ်ဝက်နားချိန်ကိုပင် တည်တံ့မောင်
တို့မှာ နားရသည်ဟူ၍မရှိသေးပေ။

ဆိုင်အပေါ်ထပ်တွင်ထိုင်သည့်အတွဲမှာလည်းစကားများကြ၍ လုပ်လက်စများကိုထားခဲ့ရကာ အပြေးသွားရှင်းပေးလိုက်ရသေးသည်။

သို့နှင့် လူနည်းသွားပါမှ ဟင်းခနဲသက်ပြင်းချရ
ကာ အသက်ကိုပင် ဝဝလင်လင်ရှူဖြစ်တော့သည်။နေ့လယ်စာဆိုသည်မှာ ဘယ်ဆီဘယ်ဝယ်ရောက် နေမှန်းလည်း တည်တံ့,မသိတော့ချေ။

"တည်တံ့ ထမင်းမစားရသေးဘူးမဟုတ်လား။
မယွန်း..အရှေ့ကထမင်းဆိုင်မှာသွားဝယ်မလို့ တည်တံ့အတွက်ပါဝယ်လာရမလား"

"အဲ့လိုဆို ကျေးဇူးတင်ပါတယ်မယွန်းရေ။
ကျွန်တော့်ကို ကြက်သားဆီပြန်ဟင်းနဲ့နော်"

"ဟုတ်ပြီဟုတ်ပြီ"

ထိုင်နေကျထောင့်ဝိုင်း၌သာ အမောပြေသွားထိုင်
နေလိုက်ရ၍ ရေအေးအေးတစ်ခွက်ကိုလည်း
ထိုမှ သောက်ချလိုက်ရတော့သည်။

ပင်ပန်းမှုများသက်သာစေရန်အလို့ငှာ ဖုန်းထဲမှ
သား​၏ပုံလေးများနှင့် မှတ်တမ်းယူထားသည့်
သား​၏လှုပ်ရှားမှုများကိုလည်း ပြန်ကြည့်ဖြစ်​၏။

"ဒယ် တောင်တောင်"

"ငြိမ်ငြိမ်လေးနေနော်..daddyရိုက်ပေးမယ်"

"ရုပ်ရဲ့ဒယ်..ဟင့် ရုပ်နဲ့ချို"

​ကြည့်နေသည့်ဗီဒီယိုတစ်ပုဒ်၌ ရောင်ခြည်ဦး
လည်းပါနေသည်။ဒီဒီ့ကိုလာကိုက်နေသည့် ခြင်
အား ရောင်ခြည်ဦးကရိုက်သတ်လိုက်လျှင် ဒီဒီက
မလုပ်နှင့်ဟုဆိုကာ ငိုနေတော့သည်။

"ဒီမှာထိုင်လို့ရမလား"

မြန်မာစကားသံခပ်ဝဲဝဲနှင့်နိုင်ငံခြားသားတစ်ဦး
မှာ တည်တံ့မောင်​၏အရှေ့၌ရပ်ကာ အသံပေး
လာခြင်းပင်ဖြစ်သည်။

"ထိုင်ပါ"

ထိုလူသည် တည်တံ့မောင်​၏မျက်နှာချင်းဆိုင်ခုံ
တွင်ဝင်ထိုင်လာသည်။လက်ကိုကမ်းပေးလာကာ သူ့ကိုယ်သူပင် စတင်မိတ်ဆက်​၏။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now