Chapter-20

21.5K 2.1K 77
                                    

Unicode

အိမ်မှ တည်တံ့မောင်,ကားနှင့်ထွက်သွားပြီးနောက် ရောင်ခြည်ဦးက ဒီဒီ့ကိုချီကာ ဆောက်လက်စဖြစ် သည့် သူ​၏အိမ်သို့သွားကြည့်ဖြစ်​သည်။တည်တံ့​၏အိမ်နှင့်ဆိုလျှင် အဝေးကြီးလည်းမဟုတ်ပေ။တည်တံ့မောင်အိမ်နှင့်မျက်စောင်းထိုးအိမ်​၏ဘေးခြံသာဖြစ်သည်။

သန်လျင်မြို့ဆောင်းရာသီ​၏မနက်ခင်းမှာကား
ဤရပ်ကွက်ဝန်းကျင်တွင်တော့ မြူနှင်းများပိတ်
ဆို့နေတတ်သည်။ကန်ရေပြင်ကြီးကိုပင် မြူများ
ကဖုံးလွှမ်းထားတတ်၍ လေအေးများကိုပင်စေ့ဆော်ကာ တိုက်ခတ်လာတတ်​၏။သို့ပေသော်ငြား
နေထွက်လာချိန်သို့ရောက်လျှင် အအေးဓာတ်
များက အလျင်အမြန်လျော့နည်းသွားသည်။

ရောင်ခြည်ဦးက ဒီဒီ့ကိုပင် ခေါင်းဆောင်းလေး
ဆောင်းထားပေးလျက်၊ဒီဒီ့တစ်ကိုယ်လုံးအား
သူဝတ်ထားသည့် အနွေးထည်ပွပွကြီးထဲသို့ထည့် ကာ ချီထားခဲ့သည်။

"ဒယ်..တန်တန်"

မြူတွေကြား မသဲကွဲစွာလှမ်းမြင်နေရသည့်
ရေကန်ကြီးထံသို့ ရောင်ခြည်ဦး​၏အနွေးထည်
ထဲမှ လက်ကလေးကိုအတင်းဆွဲထုတ်ကာ လက်ညှိုးလေးထိုးပြလာ​၏။

ကလေးငယ်သည် 'ဝိုး၊ဝါး'နှင့်အသံငယ်လေးများ
ထွက်လာကာ သဘောတကျဖြစ်စွာပင် တခစ်ခစ်
ရယ်မြူးနေသည်။

"အေးတယ်လေဒီဒီ။လက်ကို daddyအနွေးထည်
ထဲပြန်ထည့်ထားနော်"

"ရက်စ်"

"ဟေ..Yesလို့တောင် ပီနေပြီပေါ့လေ"

ဒီဒီသည် ရယ်လာပြန်ပြီးနောက်၊ရောင်ခြည်ဦး​၏
ပါးသို့ အနမ်းများပေးလာနေတော့သည်။

"ဆရာ"

ထိုအသံသည်ကား ရဲမင်းထွေး​၏ခေါ်သံသာဖြစ်​
၏။'Ray'ဆိုသောနာမည်ကိုပင် လူအများရှေ့ထံ၌
မခေါ်ဖြစ်ကြပေ။အထူးသဖြင့် ပတ်ဝန်းကျင်စိမ်းသို့ရောက်လျှင် သတိထားကာခေါ်ဝေါ်ရသည်။

"ရောက်ပြီလား..အိမ်ထဲမှာပဲ စကားသွားပြောရအောင်"

"ဟုတ်ကဲ့ဆရာ"

​အလုပ်သမားခေါင်းဆောင်နှင့် စကားအနည်းငယ် ပြောပြီးနောက် တည်တံ့မောင်​၏အိမ်သို့သာ သူတို့ပြန်လာဖြစ်ကြသည်။အိမ်ထဲသို့ရောက်ရောက်ချင်းရဲမင်းထွေးကိုပင် စကားမပြောနိုင်သေးပေ။
ဒီဒီ​၏ခေါင်းဆောင်းကိုချွတ်ပေးကာ မသိမ်းရ
သေးသောအိပ်ရာပေါ်ထံ သွားချပေးထားရသည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now