Chapter-9

23.8K 2.4K 115
                                    

Unicode

တည်တံ့မောင် ထိုင်နေရင်းမှ ဖုန်းဝင်လာသည်
ကြောင့် ကြည့်လိုက်မိတော့ ဖုန်းနံပါတ်စိမ်း
တစ်ခုပင်။စိတ်ထံ ရောင်ခြည်ဦးဖြစ်နေမည်ဟု
ထင်နေလျက် ဝမ်းသာစွာ ကိုင်မိချေတော့သည်။

"ခင်ဗျားလား"

တည်တံ့မောင်​၏စကားကြောင့် ရောင်ခြည်ဦး
မှာ အနည်းငယ်တော့ကြောင်အမ်းသွားရ​၏။
သူ့ဖုန်းနံပါတ်အား တည်တံ့မောင်မှမသိချေဘဲ။
ဖုန်းများ မှားခေါ်မိသလားဆိုကာ ပြန်ကြည့်မိ
တော့လည်း မဟုတ်ပေ။

"တည်တံ့က ဘယ်လိုလုပ်ပြီး ကိုယ့်ဖုန်းနံပါတ်
ကိုသိနေတာလဲ။ကိုယ်လည်းမပြောပြဖူးပါဘူး"

"တကယ်ပဲ ခင်ဗျားလား၊ကျုပ်ကမှန်းပြောလိုက် တာပါဗျာ။ဒါနဲ့..ဖုန်းဆက်တာဘာကိစ္စလဲ၊
ကျွန်တော့်သားလေးရောဟင်"

တည်တံ့မောင်အသံမှာ တက်ကြွသည့်အရိပ်
အယောင်များပါဝင်လာနေမှန်း ရောင်ခြည်ဦး
ကရိပ်မိနေသည်။ဒီကောင်လေး မဟုတ်မှ..
သူတို့သားအဖနှစ်ယောက်အား လွမ်းနေတာ
ပင်သေချာ​၏။

"ဒီဒီက ကြီးကြီးယဉ်နဲ့သူ့ပစ္စည်းတွေကို
အတူတူထည့်နေတယ်။သူ့အဖေအိမ်သွားမလို့
တဲ့၊အဲ့တာ တည်တံ့အိမ်ကိုလာပို့မလို့၊ကိုယ်က
ဒီနေ့မှခရီးသွားရမှာ၊တည်တံ့အိမ်မှာ ဒီဒီလာနေ
လို့ရတယ်မလား"

"ကျုပ်သားက ကျုပ်အိမ်မှာလာနေတာပဲ၊
ရတာပေါ့။ဒီဒီ့ကို ဘယ်အချိန်လာပို့မှာလဲ၊
ကျုပ်အခုပဲ သန်လျင်ကိုပြန်တော့မလို့"

"ညနေလောက်မှ ကြီးကြီးယဉ်နဲ့ ကိုထိုက်တို့
လာပို့ကြလိမ့်မယ်"

"ခင်ဗျားကရော"

"ကိုယ်မလိုက်တော့ဘူး၊ခရီးသွားရမှာမို့လို့"

ရောင်ခြည်ဦးအား မတွေ့ရတော့မှန်းသိကာ
စိတ်ထံ မည်သို့ဖြစ်သွားမှန်းလည်းမသိ။
သို့နှင့် ဝမ်းနည်းမိသလိုလိုပင်ဖြစ်လို့လာ​၏။
ဤခံစားချက်ကြီးအား တည်တံ့မောင်မကြိုက်
ချေ။ဇဝေဇဝါများဖြစ်ကာ ဘာမှန်း..ပြတ်ပြတ်
သားသား သူ,မသိပေတော့ ရောင်ခြည်ဦးကို
ဘာမှမပြောစွာ ဖုန်းချမိလိုက်တော့သည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now