Chapter-6

23.9K 2.5K 52
                                    

Unicode

တည်တံ့မောင် ညကအိပ်မပျော်ခဲ့၍ ယခုတော့
မအီမသာဖြစ်လို့နေ​၏။ပိတ်ရက်များဖြစ်သည့်
အလျောက် ဆိုင်၌လူများနေလျက် မနားရသေး
ပေ။ဒီဒီ့ကိုလည်း သတိရသည်။

"တည်တံ့"

ခေါ်သံမှာ ရွက်ဝါ​၏အသံဖြစ်သည်။
ဒူးထိဖုံးသည့် ဂါဝန်အဝါရောင်နှင့်ရွက်ဝါက
ချစ်စရာကောင်းသည်။

"ဘာသောက်မလဲ၊Cappuccinoပဲလား"

"အင်း ကိတ်လေးပါအစစ်ကျွေး။
ထိုင်နေကျဝိုင်းမှာပဲစောင့်နေမယ်နော်"

"ဟိတ်ကောင်မလေး မေ့နေပြီလား"

တည်တံ့မောင်က ပါးတစ်ဖက်သို့ လက်ညှိုးဖြင့်
ထိုးပြနေသည်။ဘေးပတ်ဝန်းကျင်သို့ ရွက်ဝါက တစ်ချက်လှည့်ကြည့်ကာ တည်တံ့မောင်​၏ပါး
အား အမြန်နမ်းလိုက်ပြီးနောက် ထိုင်နေကျဝိုင်း
တွင် သွားထိုင်တော့​၏။

အပြစ်လုပ်ထားသည့်ရွက်ဝါမှာ သူမဟုတ်
သည့်အတိုင်းပင်။ရွက်ဝါနှင့်လမ်းမခွဲနိုင်ဆိုသော်ငြား နွားတော့အဖြစ်မခံနိုင်ပေ။

"ရပြီ"

သယ်လာသည့်မုန့်ဗန်းအား ရွက်ဝါရှေ့ချပေး
ကာ ရွက်ဝါနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်
လိုက်သည်။ခြေထောက်ကိုချိတ်ထိုင်ကာ လက်
ပိုက်ထားပြီး ရွက်ဝါကို သူကကြည့်နေသည်။
ပြုံးလည်းမပြုံးမိပေ။သူမေးစရာရှိတာကိုသာ
တည့်တိုးမေးရမှာပင်။

"အဲ့တစ်ယောက်နဲ့ဖြစ်နေတာ ဘယ်လောက်
ကြာပြီလဲ။ငါသိရသလောက်ကတော့ နှစ်လလောက်ရှိပြီ"

ရွက်ဝါ​၏မျက်နှာရိပ်မှာ အံ့ဩသွားဟန်ရှိ​၏။
သို့သော်ငြား သူ(မ)ထံ တုန်လှုပ်ခြင်းတို့မရှိချေ။
တည်တံ့မောင်ကိုကြည့်ကာ အေးအေးလူလူပင်
ပြန်ဖြေလာတော့သည်။

"ငါတို့အလုပ်ကမန်နေဂျာပါ"

"ငါက နွားဖြစ်ခံရမှာလားရွက်ဝါ။မင်းပြောစမ်း.. ရည်စားသက်တမ်းခြောက်နှစ်ရှိနေတာတောင် တခြားကောင်နဲ့ဘာလို့တွဲရတာလဲ။ဘာလဲ ငွေ
ကြောင့်လား"

"ဒါဆို ငါလည်းပြန်မေးမယ်တည်တံ့။ငါ့ကို
ဘယ်နှခါများ ယုယုယယလေးနဲ့နူးနူးညံ့ညံ့
ဆက်ဆံဖူးသလဲ။တစ်ပတ်မှာတစ်ခါတွေ့ဖို့
တောင် ငါ့ဘက်ကတောင်းဆိုနေရတာကြီးပဲ။
နင်ချစ်တာက အေးဆက်ဆက်နိုင်လွန်းတယ်။ဒါကြောင့် ငါအပျော်ရှာမိတာမှားသလား"

Don't Lie To Your Heartbeat(Completed)Where stories live. Discover now