Final Extra

19.5K 1.7K 149
                                    

Unicode

တည်တံ့မောင်က အပေါ်ထပ်မှဆင်းလာရင်း
ရဲမင်းထွေးနှင့်စကားပြောနေသည့် ရောင်ခြည်ဦး​၏ဘေး၌ ဝင်ထိုင်လာ​၏။ဒီဒီကလည်း အရှေ့ရှိ
ဆိုဖာခုံပေါ်တွင် တက်၍ထိုင်​၏။

"ဒီသားဖတွေ စိတ်ဆိုးနေကြတာလား"

"ဒီချိုးပါဝူး၊ဖေချိုးရာ"

ဒီဒီက တည်တံ့မောင်အား လက်ညှိုးလေးထိုးပြ
ကာ ရောင်ခြည်ဦးကိုပင် ပြောပြနေသည်။
တည်တံ့မောင်မှာတော့ ဒီဒီ့ကိုမျက်စောင်းထိုးလျက် ရောင်ခြည်ဦး​ထံ ပြန်တိုင်​၏။

"ဒီဒီက ကျွန်တော့်ကိုအနိုင်ကျင့်တယ်အစ်ကို"

"ဟွန်း အိုးမိုင်ဂေါ့စ်"

သားက အိုးမိုင်ဂေါ့စ်ဟုပြော၍ သူ့နဖူးသို့ လက်
ကလေးဖြင့်ရိုက်ကာ အံ့ဩသည့်ပုံစံဖြင့် လုပ်ပြနေသည်။ရောင်ခြည်ဦးက အကြောင်းသိစွာ ပြုံးလို့
ရယ်လို့ရယ်သာ ဖြစ်လာသည်။

တည့်လျှင်လည်း သူတို့သားအဖ၊မတည့်လျှင်
လည်း တည်တံ့ကအစ ကလေးလေးလိုပင်၊
သားနှင့်အပြိုင် သူ့ကိုချွဲ​၏။

"ဒီဒီနော်..ဘာအခုမှ အိုးမိုင်းဂေါ့တွေလာလုပ်နေ
တာလဲ။ဖေဖေ့ ဆေးလိပ်တွေကို တစ်ချောင်းချင်း စိမ်ပြေနပြေချိုးနေတုန်းက ဒီရုပ်လေးလားပြော"

"သားက ဆေးလိပ်တွေကိုချိုးနေတုန်းက တည်တံ့
မတားဘူးလား"

"မတားပါဘူး၊တားလိုက်ရင် ကျုပ်သားကငိုမှာပေါ့"

"တောင်းဝူးဖေရဲ့ ဒီကြိုက်ဝူး"

ထိုမျှသာပင်ကြည့်ချေတော့။တည်တံ့ကလည်း
သားအား ငိုသွားမည်စိုး၍ မတား။သားကလည်း
သူ့အဖေအား ဆေးလိပ်သောက်ခြင်းက မကောင်း
ဘူးဟု လိပ်ပတ်လည်အောင်မပြောပြတတ်သော်
ငြား ပြောတတ်သလိုတော့ သားကပြောပြ​၏။

"ဒီသားအဖကတော့ သားနဲ့အဖေ နေရာမှားနေပြီ။
သားကဆုံးမပြီး..အဖေကစိတ်ကောက်နေတယ်"

ရောင်ခြည်ဦးက တည်တံ့​၏ဆံပင်များထံ လက်ချောင်းများဖြင့် ထိတွေ့ဖွကာ ဆိုလျှင်
သားက နှုတ်ခမ်းလေးဆူ​၏။

"ဒယ်ရယ် အဲ့ရိုကျောရဝူး၊ဒီရ ဖေ့တိုချစ်ရာတိုရို့"

"ချစ်ပါကွာ ချစ်ပါ"

Don't Lie To Your Heartbeat(Completed)Where stories live. Discover now