Chapter-14

22.7K 2.2K 74
                                    

Unicode

ကျိုက်ခေါက်ဘုရားကိုရောက်တော့ ဒီဒီကသူ့
ပုဆိုးလေးကိုမကာ လှေကားပေါ်သို့ သူ့ဘာသာ
ထိန်းတက်နေသည်။

တည်တံ့မောင်ပုဆိုးဝတ်ထားသည်ကိုမြင်၍
သူပါဝတ်ချင်သည်ဆိုလို့ လင်းပိုင်ပုဆိုးကို
ယူကာ ဝတ်ပေးထားရသည်။ရောင်ခြည်ဦးက
တည်တံ့မောင်အား ပြုံးစနဲ့နဲ့ဖြင့်ငေးကြည့်လျက်
ရှိ​၏။

"ဘုရားမှာဆိုတော့ ဦးတည်တံ့မောင်..ကျွန်တော့်
ကို မဆဲဘူးမို့လား"

"ခင်ဗျားအဲ့လိုပြောမှ ကျုပ်ဆဲချင်လာတာ"

"ဖေ၊ဒယ် ဉာဏ်ဉာဏ်ရာ၊ကွစ်ကီးစ်"

ဒီဒီက လှေကားထစ်၌ အမောပြေထိုင်ချလျက်
လက်ကလေးယပ်ကာ မြန်မြန်လာရန်ခေါ်တော့
သည်။သား​၏ပုံစံမှာ ရွှေအိုးစည်ဆံပင်ကေနှင့်
ပုဆိုးသေးသေး၊အင်္ကျီအဖြူကလေးဝတ်ထား
သည်မှာချစ်စရာပင်။

"ဒယ် ရုပ်ရုပ်"

ရောင်ခြည်ဦးကိုချီခိုင်းပြီးနောက် အရုပ်ဆိုင်တန်းများဘက်သို့ လက်ညှိုးလေးထိုးပြကာ ပူဆာ​၏။

"ဘုရားပေါ်ကပြန်ဆင်းရင်ဝယ်ပေးမယ် okလား"

"ကေကေ။ဦးတော်"

ဘုရားပေါ်ရောက်သည်နှင့်ဒီဒီက ရောင်ခြည်ဦး
တို့ထက်အရင် ဘုရားကိုထိုင်ကန်တော့သည်။

"ဦးတော်ဦးတော် စာတု.. စာတု"

လက်အုပ်လေးချီကာ မပီကလာလေးရွတ်လျက်
ရှိခိုးနေသည်။စာတုဆိုသည်က သာဓုပင်ဖြစ်လင့်
ကစား သားကသူသိတာကိုဆိုခြင်းသာ။

"ဒီဒီက စာတုဆိုမှ၊Louisကိုတောင်သတိရတယ်"

"Louis"

တည်တံ့မောင်က နားမလည်ဟန်ဖြင့်ပြောတော့ ရောင်ခြည်ဦးကပြုံးစွာ ဒီဒီ့ဘေး၌ဝင်ထိုင်လိုက်
လျက်၊တည်တံ့မောင်​၏လက်သို့လည်းဆွဲကာ
ထိုင်ချစေသည်။

"Louisဆိုတာက ဒီဒီရဲ့အဖေ။မေချယ်ဆိုတာ
ဒီဒီရဲ့အမေ။ပြီးတော့ မေချယ်က ကိုယ့်ရဲ့အချစ်ဦးပဲ"

နှုတ်ခမ်းငယ်ကလေးအားလှုပ်ကာ ပွစိပွစိရွတ်ဆိုကန်တော့နေသည့် သားကိုကြည့်လျက်
ရောင်ခြည်ဦးကပြောလာ​၏။ရောင်ခြည်ဦးပြော
သည့် အချစ်ဦးဆိုသည့် စကား​၏အသံမှာ
တိမ်ဝင်နေသည်။တည်တံ့မောင်စိတ်ထဲ၌လည်း ဝမ်းနည်းလာသည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now