Chapter-17

21.4K 2.1K 44
                                    

Unicode

ကာလအားဖြင့် တစ်လကြာပြီးသည့်နောက်၌
လည်း ချစ်တယ်ဟုပြောသည့် သူမှာလည်းပြော
ဆဲဖြစ်သလို၊မချစ်ဘူးဟုပြောခဲ့သူကလည်း
ပြောမြဲသာပင်။

"တည်တံ့..သားနဲ့ဆို ဘယ်အရောင်ကပိုလိုက်မလဲ"

အဖြူနှင့်အမည်း အစင်းများပါသည့်အင်္ကျီနှင့်
အဝါရောင်အင်္ကျီအား ယှဉ်ကိုင်ထား၍
တည်တံ့မောင်ကိုပင်မေးလာ​၏။

"ကျွန်တော့်သားက ဘယ်အရောင်နဲ့ပဲဖြစ်ဖြစ်
လိုက်ပြီးသားပဲ၊ဒီဒီ အဲ့ဒီထဲကဘယ်အရောင်ကို
ယူမလဲ"

"ရဲရိုးလ်စ်"

အဝါရောင်မှာ ဒီဒီအကြိုက်ဆုံးအရောင်ပင်ဖြစ်
လင့်ကစား အခြားသောအရောင်များနှင့်ယှဉ်လာလျှင် အဝါကိုသာ ရွေးချယ်တတ်သည်။

"ဒါဆိုdaddy ပိုက်ဆံသွားရှင်းလိုက်ဦးမယ်၊
ဖေဖေနဲ့ခဏစောင့်နေနော်"

"ဉာဏ်ဉာဏ်ရာနော်"

ကောင်တာ၌ ရောင်ခြည်ဦးပိုက်ဆံသွားရှင်း
လျှင် တည်တံ့မောင်မှာ ဒီဒီ့ကိုချီထားလျက်ဖြင့်
ဆိုင်အရှေ့တွင်ရှိသည့် အရုပ်ဆိုင်ထဲသို့သာဝင်သွား
​၏။

"ဖေ ဘရူးရုပ်ကြိုက်ကြိုက်"

Stitchရုပ်သို့ လက်ညှိုးထိုးပြကာ အပြာရောင်
အရုပ်အား သားက ကြိုက်သည်ဟုပင်ပြောနေ
တာဖြစ်သည်။

"ဒီဒီ ဘယ်အရွယ်အစားကိုယူမှာလဲ။
ဒီကအသေးလေးလား၊သူထက်ကြီးတာလေးလား၊ဒါမှမဟုတ် ဘေးနားကအကြီးကြီးလား၊ဘယ်တစ်ခုကိုယူမလဲ"

"အတုန်"

"အကုန်ယူလို့မရဘူးလေ၊သားစိတ်ထဲမှာတကယ်
လိုချင်တာကိုပဲယူ။ဒီဒီ့ကို ဖေဖေက မဝယ်ပေး
ချင်လို့မဟုတ်ဘူးနော်။သိတယ်မဟုတ်လား"

"အွန်း တစ်ထုရူ"

ထိုမှ တစ်ခုပဲယူတော့မည်ဆိုကာ လက်ညှိုးထောင် ပြလျက် သားကပြောလာ​၏။အရောင်းဝန်ထမ်း
မှာ သူတို့​၏သားအဖအနားသို့ရောက်မလာသေး
ဘဲ အခြားဝန်ထမ်းမလေးများနှင့်စကားလက်ဆုံ
ကျနေသည်။ဤသည်ကို တည်တံ့မောင်စောင့်နေ
သော်ငြား ဒီဒီကတော့ မျက်နှာလေးပင် စူပုပ်လို့
လာသည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now