Chapter-2

45.8K 3.5K 65
                                    

Unicode

ရောင်ခြည်ဦးသည် ဒီဒီ့ကိုချီထားလျက်ဖြင့်
ကော်ဖီဆိုင်အတွင်းသို့ဝင်လာနေပြီဖြစ်သည်။

"Fable Cafe"ဆိုင်သည် နှစ်ထပ်မျှရှိ၍
အပေါ်ထပ်အပိုင်းအား အလှဓာတ်ပုံများရိုက်
နိုင်ရန် ခေတ်နှင့်အညီ လူအများကြိုက်နှစ်သက်
စေလောက်မည့် ပြင်ဆင်ထားမှုအပိုင်းများကိုလည်း
မြင်တွေ့ရမည်ဖြစ်သည်။

ရောင်ခြည်ဦးမှာ အပေါ်ထပ်သို့လည်းတက်သွား
ခြင်းမရှိပေ။တည်တံ့မောင်ရှိသော အောက်ထပ်​၏ထောင့်ဝိုင်းဘက်ဆီသို့သာ ခြေလှမ်းများက
ဦးတည်လာနေ​၏။

"ဖေ!..ဖေ"

ဒီဒီ့မှာ တည်တံ့မောင်ကိုမြင်သည်နှင့် 'ဖေ'ဟု
ဆိုကာ လှမ်းအော်ခေါ်တော့သည်။ရောင်ခြည်ဦး
ကို တစ်လှည့်ပြန်ကြည့်ကာလည်း ဒီဒီကသူ​၏
သွားသေးသေးကလေးများအား ပေါ်သည်အထိ
ရယ်ပြလာ​၏။သည့်အပြင် လက်ခုပ်လေးတီး
လျက်လည်း ဖြစ်လို့နေသည်။

ဒီဒီ​၏အသံငယ်လေးကြောင့်နှင့်လားတော့မသိ၊
ဆိုင်တွင်းရှိလူများ​၏အကြည့်တို့မှာ ဒီဒီ့ဆီတွင်
သာ ဆိုက်လာကြ​ချေပြီ။

မိန်းကလေးငယ်များက မျက်လုံးဝိုင်းဝိုင်း၊
မျက်ဝန်း၊မျက်ဆန်ရောင် ပြာပြာကလေးများရှိ
ပါသော ပါးဖောင်းဖောင်းနှင့် အနှီကလေးငယ်
ကိုကြည့်ကာ အသည်းယားကုန်ကြသည်ဟု
ထင်​၏။တီးတိုးစကားသံများမှာ မကြာမီ၌ပင် ထွက်ပေါ်လာကုန်တော့သည်။

"ချစ်စရာလေးဟယ်"

"အဲ့လူကြီးက ကလေးလေးရဲ့အဖေလား
မသိဘူးနော်..ရုပ်က သိပ်တော့မတူဘူး။
ကလေးလေးက ချစ်စရာလေး"

စသည့်စကားသံများအား နားပါးသော
ရောင်ခြည်ဦးက အတိုင်းသားကြားနေရတော့ သည်။တည်တံ့မောင်ခမျာမှာ ကလေးငယ်​၏
ခေါ်သံငယ်ငယ်ကလေးကြောင့် လှည့်ကြည့်
မိလိုက်မှ သူ၏မျက်နှာအမူအယာက စိတ်ရှုပ်
သည့်ဘက်သို့ ကူးလူးပြောင်းလဲသွားပေ​၏။

"ဘယ်က,ကလေးကိုခေါ်လာတာလဲ"

တစ်ယောက်တည်း တီးတိုးပြောမိနေကာမှ
ရောင်ခြည်ဦးက သူ့အနားသို့ ရောက်နေပြီလည်း
ဖြစ်သည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now