Chapter-12

23.1K 2.4K 85
                                    

Unicode

တည်တံ့မောင်မှာ ဒီဒီစားရန်အတွက် မီးဖိုချောင်ထဲ၌ ကိုယ်တိုင်ပင် ချက်ပြုတ်လို့နေသည်။

ဒီဒီ့အတွက် ငါးကြော်၊ဟင်းချိုနှင့်အသီးရွက်
ကြော်အား ချက်ပြုတ်ကြော်လှော်၍ ပြီးသွား
သည့်နောက် ငါးအရိုးကိုနွှင်နေပြန်​၏။
ပြီးနောက် ထမင်းပူပူပေါ်ထံ ငါးကြော်ထားပါ
သော ဆီချက်ကလေးကိုဆမ်းကာ၊ဆားအနည်း
ငယ်ဖြူးလျက် ထပ်မံနယ်ပေတော့သည်။။

တည်တံ့မောင်တို့ညီအစ်ကိုနှစ်ယောက်လုံးမှာ
အမေဖြစ်သူသင်ကြားပေးခဲ့မှုဖြင့် ထမင်းဟင်း
ကိုပင် ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်တတ်
ကြသည်။

"ဖေ"

ဒီဒီက တည်တံ့မောင်အနားသို့ရောက်လာကာ
ခေါ်လာ​၏။တည်တံ့မောင် လှည့်ကြည့်လိုက်
လျှင်ပင် ပါးစပ်မှာ အဟောင်းသားဖြစ်ရတော့
သည်။

တည်တံ့မောင်​၏ စွပ်ကျယ်အား ဒီဒီကဝတ်ထား
သည်။လက်နှစ်ဖက်၌လည်း ခရမ်းချည်သီးများ
နှင့်အပြည့်ဖြစ်သည်။နုငယ်လှသော သား​၏ မျက်နှာပြင်တစ်ခုလုံးမှာ ပေပွနေလျက်
စွပ်ကျယ်မှာလည်း ပေရေနေသည်။

ရွှေအိုးစည်ကေညှပ်ပေးထားသည်မို့ သား​၏
နဂိုချစ်စရာဟန်လေးမှာ ပိုကာပင် ချစ်စရာ
ကောင်းနေတော့သည်။

"ဒီရှူးရှူး ဖေ"

စားလက်စ ခရမ်းချဉ်သီးများကိုပစ်ချကာ
သေးပေါက်ထားသည်ဟု ဒီဒီကပြောနေလျက်
ဖြင့်၊အောက်ထိတိုက်နေပါသော တည်တံ့မောင်
​၏စွပ်ကျယ်ကြီးကိုမကာ လှန်ပြလာသည်။

ဒီဒီပြောချင်နေသည်မှာ သူသေးပေါက်ထား၍
ဘောင်းဘီချွတ်ကာ အဝတ်စားလဲထားသည်
ဟုပင် သဘောရလေ​၏။

"ဒီဒီက ရှူးရှူးပေါက်လိုက်လို့လား၊
ဖေဖေ့စွပ်ကျယ်ကြီးနဲ့..ပြန်တက်နင်းမိပြီး
ချော်လဲနေမှဖြင့် သားရယ်"

တည်တံ့မောင်မှာ ပြောလည်းပြောရင်း၊
စွပ်ကျယ်ကိုချွတ်ပေးကာ သန့်ရှင်းရေးလုပ်ပေး
ရတော့သည်။ဒီဒီသည် ပစ်ချထားသည့်
ခရမ်းချဉ်သီးများအား ပြန်၍ကောက်စားရန်
လုပ်လာသည်နှင့် တည်တံ့မောင်မှာတားရပြန်သေးသည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now