Chapter-15

23.8K 2.2K 90
                                    

Unicode

ရောင်ခြည်ဦးသည် ကတ်တစ်ကတ်ကိုပင်
ကောင်းခန့်နိုင်​၏အရှေ့သို့ ချပေးလာသည်။

"ဒီကတ်ထဲကငွေပမာဏနဲ့ဆိုရင်တော့ သူ့မိဘ
တွေကသဘောကျမှာပဲ။တစ်ခါထဲစေ့စပ်ပွဲလုပ်ပြီး မကြာခင်လက်ထပ်ပေါ့"

"ကူညီပေးလို့..Rayကိုကျေးဇူးတင်ပါတယ်"

"မလိုဘူး။မင်္ဂလာသတင်းကိုတော့ အမြန်ဆုံး
ကြားချင်တယ်။Ok..ဒီလောက်ပဲ သွားစရာရှိလို့"

ထထွက်သွားသည့် ရောင်ခြည်ဦးအား
ကောင်းခန့်နိုင်က ကျေးဇူးတင်စကားများလှမ်း
ပြောနေသည်။အနောက်သို့ လှည့်မကြည့်စွာ
လက်ကိုသာထောင်ပြလိုက်၍ ဆိုင်ထဲမှ ထွက်ကာ
ရဲမင်းထွေးတံခါးဖွင့်ပေးထားသည့် ကားပေါ်သို့
သာ တက်သွားတော့​၏။

သို့နှင့် ရောင်ခြည်ဦးသည် လက်မှဝတ်ထားသည့်
နာရီကိုကြည့်ကာ ပြုံးပြန်တော့သည်။
ဝတ်ထားသည့် အင်္ကျီအဖြူလက်ရှည်ကိုပင်
တံတောင်ဆစ်အထိခေါက်တင်လျက်၊အပြည့်တပ် ထားပါသော ကြယ်သီးများအား သုံးဆင့်လောက်အထိဖြုတ်ပစ်လိုက်သည်။

"အဲဒီ့ဆိုင်ကိုရောက်ရင် ငါ့ကိုစောင့်မနေဘဲ၊
မင်းက အိမ်ကိုသာတန်းပြန်လိုက်ငထွေး"

အနောက်သို့ခေါင်းမှီကာ မျက်လုံးများကိုမှိတ်ချ
ထားရင်းဖြင့် ပြော​လာ၏။

သူ့အဖြစ်က ထောင်မြင်ရာစွန့်ဆိုသည့် စကား
နှင့်တော့ခပ်ဆင်ဆင်ပင်။တည်တံ့မောင်ကိုသာ ရမည်ဆိုပါလျှင် ထောင်ဂဏန်းကိုလည်း သူစွန့်
နိုင်ပါသည်။

******

တည်တံ့မောင်သည် ရွက်ဝါနှင့်ချိန်းထားသည့်
ဆိုင်သို့ ကြိုရောက်နှင့်နေပြီဖြစ်သည်။
အရင်ရက်တွေများက ရွက်ဝါကိုတွေ့ဖို့ပြောလျှင်
မအားဘူးဆိုသည်ဖြင့်သာ တိုး​၏။

သည်ကနေ့လည်း ရွက်ဝါနှင့်အတူတူလာရန်
ပြောခဲ့သော်ငြား ရွက်ဝါ​၏ 'ကိစ္စရှိလို့'ဆိုသည့်အကြောင်းပြချက်ဖြင့် တည်တံ့မောင်တစ်ယောက် ထဲ လာရခြင်းလည်းဖြစ်သည်။

တည်တံ့မောင် စောရောက်နေသည်မှာ ဆယ့်ငါး
မိနစ်မျှရှိလို့နေပြီ။သို့ပေမင့် ရွက်ဝါက ရောက်မလာသေးပေ။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now