Chapter-7

23.6K 2.4K 111
                                    

Unicode

နေ့လယ်စာစားချိန်ရောက်၍ တည်တံ့မောင်
တို့လည်း စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်လိုက်
ရတော့သည်။သူတို့မှာ ထမင်းစားချိန်လွန်
သွားလျှင်တောင် ခံနိုင်သော်ငြား၊ကလေးငယ်
ကတော့ အဆာလွန်လို့မဖြစ်ပေ။

ဆိုင်ထဲသို့ရောက်သည်အထိ ဒီဒီ့ခမျာမှာ
တည်တံ့မောင်ပေါ်မှ မဆင်းသေးချေ။
ရောင်ခြည်ဦးက မည်သို့ပင်ချော့ကာ ပြန်ခေါ်
နေသော်ငြား မလိုက်တော့ပေ။

"တီတီခွံ့ကျွေးမယ်လေ"

"အော့အော့ စားဝူး"

ရောင်ခြည်ဦးမှာ ဒီဒီ့စကားကြောင့် မရယ်မိ
အောင် အံကြိတ်ထားရသည်။တည်တံ့မောင်က
ဒီဒီ့ကိုသဘောကျကာ ပါးနှစ်ဖက်ထံ အားရပါးရ
နမ်းတော့ ရယ်သံလေးများက ထွက်လို့လာ​၏။

"ခင်ဗျားလက်က သက်သာရဲ့လား"

တည်တံ့မောင်က ပတ်တီးစည်းထားသည့်
နေရာသို့ကိုင်ကြည့်ကာမေးလာတော့
ရောင်ခြည်ဦးရင်ထဲ နွေးထွေးမှုအားခံစားမိ
လာသည်။

"သက်သာပါတယ်"

"ဖေ နာနာဖွဖွရုပ်"

ဒီဒီက ပတ်တီးစည်းထားသည့်နေရာထံ
လှမ်းနမ်းကာ၊ဥုံဖွလုပ်ပြပြီးနောက် တည်တံ့
မောင်ကိုပါ လိုက်လုပ်ခိုင်းတော့သည်။
ရွက်ဝါသည် ရောင်ခြည်ဦးအား စိုက်ကြည့်လို့
နေသည်။ရောင်ခြည်ဦး​၏အကြည့်များက
တည်တံ့မောင်ပေါ်တွင် မရိုးသားမှန်း သူ(မ)ရိပ်
မိပါ​၏။

"ဖေ..ဖွဖွရုပ်ချို ဟင့်"

တည်တံ့မောင်က ဒီဒီလုပ်ခိုင်းသလိုမလုပ်တော့
အလိုမကျဖြစ်ကာ တည်တံ့မောင်လက်ကိုရိုက်၍ ထပ်ပြောလာတော့သည်။ငိုတော့မည့် ဒီဒီကြောင့် သူဘာလုပ်ရမှန်းပင်မသိတော့ချေ။ဒီဒီငိုတာကို
လည်း သူ,မမြင်ရက်ပေ။ရွက်ဝါရှိနေသည်မို့
တမျိုးထင်သွားမှာလည်း စိုးရိမ်လာသည်။

"ဒီဒီ ဖေဖေ့ကိုအဲ့လိုမလုပ်ရဘူးလေ"

"ဟင့်.."

နှုတ်ခမ်းလေးမဲ့ကျကာ ရှိုက်သံထွက်လာသည့်
သားကြောင့် တည်တံ့မောင်မှာ မနေနိုင်တော့စွာ
ဒီဒီလုပ်ခိုင်းသလိုသာ လုပ်ရတော့သည်။
ရွက်ဝါစိတ်ဆိုးချင်လည်း ဆိုးပါစေတော့။
အဓိကမှာ သည်ကလေးငယ်မငိုဖို့သာ ဦးစား
ပေးဖြစ်သည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now