Chapter-16

23K 2.1K 96
                                    

Unicode

"ပန်ကိတ်ကို ဘာပုံလေးလုပ်ပေးရမလဲဒီဒီ"

တည်တံ့မောင်ကိုယ်တိုင် ပန်ကိတ်လုပ်ပေးဖြစ်
ရင်း ရောင်ခြည်ဦးနှင့်ထိုင်နေသည့် ဒီဒီ့ဘက်သို့
ကြည့်ကာမေးရသည်။ဒီဒီက စားပွဲပေါ်သို့ကုန်း
တက်ကာ တည်တံ့မောင်လုပ်နေသည့် ဒယ်အိုးပြားထဲမှ ပန်ကိတ်ကိုကြည့်ကာအံ့ဩနေ​၏။

"ဘစ်ဘစ်..ယုန်ယုန် ဖေဂွတ်"

ယုန်ပုံဆွဲထားသည့် ပန်ကိတ်ကိုကြည့်ကာ
တည်တံ့မောင်အား တော်တယ်ဆိုကာ 'ဂွတ်'ဟု
ချီးကျူးလာတော့သည်။

ရောင်ခြည်ဦးသည် စာရွက်စာတန်းတချို့ကို
ကြည့်နေရင်း ဒီဒီ​၏စွပ်ကျယ်အင်္ကျီအနောက်
ဘက်မှထိန်းကာ ကိုင်ထားပေးရသည်။

"ဒီဒီ ကြိုက်လား။ဖေဖေ ဘာပုံလေးထပ်ဆွဲပေး
ရမလဲ"

"နားနား"

ပန်းကန်ထဲသို့ ထည့်ကာပေးလာသည့်
ပန်ကိတ်ကိုကိုက်စားပြီးနောက် ငါးပုံလုပ်ပေးရန်
ပင် ပြန်ဖြေ​၏။ထို့နောက် တည်တံ့မောင်က
ရောင်ခြည်ဦးကိုစိုက်ကြည့်တော့ ဒီဒီကပါလိုက်
ကြည့်နေသည်။ပါးစပ်ကလေးမှာလည်း အစား
မပျက်ချေ။

"ကိုရောင်ခြည်ဦး အဲ့စာရွက်စာတန်းတွေကိုဘယ်တော့မှကြည့်လို့ပြီးမှာလဲ"

"အင်းရေ ပြီးရော့ဝူး ဒယ်ဒီ"

ဒီဒီကပါ တည်တံ့မောင်​၏စကားကိုထောက်ခံ
ပေသည်။နှုတ်ခမ်းကိုစူလျက်၊ရောင်ခြည်ဦးကို
မျက်စောင်းထိုးကာ တည်တံ့မောင်ဘက်သို့
လှည့်ကာ ရယ်ပြပြန်​၏။

ရောင်ခြည်ဦးမှာ သားကိုအသည်းယား၍နမ်းဖို့
လုပ်လျှင် ဖျတ်ခနဲအရိုက်ခံလိုက်ရခြင်းကိုသာရ
သည်။

"ဘရိုဖြစ်နေရဲ..ဖေရုပ်ရုံး"

ရောင်ခြည်ဦးအား'ဘယ်လိုဖြစ်နေလဲ'ဟုဆိုလျက်၊တည်တံ့မောင်ကိုပင်'ဖေလုပ်ဦး'ဟုဆိုကာ
တိုင်တောနေတော့သည်။

"စိတ်ချ..ဖေဖေလုပ်ပေးမယ်"

တည်တံ့မောင်ကပြောရင်း ဘေးရှိဇွန်းခွက်ကို
ယူကာ ရောင်ခြည်ဦး​၏ခေါင်းသို့လှမ်းထုချလိုက် လျှင်-"ရေးရေး တောင်းရယ်ရုပ်ရုပ်"ဟု မပီကလာ
ဆို၍ လက်ခုပ်လေးတီးကာ တည်တံ့မောင်ကို
အားပေးနေတော့သည်။

Don't Lie To Your Heartbeat(Completed)Where stories live. Discover now