Chapter-21

20.2K 2.1K 97
                                    

Unicode

သန်လျင်တံတားကိုဖြတ်မည့် ကားတန်းကြီးမှာ
အစဉ်လိုက်ရှည်လျားနေ​၏။လိုင်းကားများပေါ်
တွင်လည်း လူများကအပြည့်ဖြစ်သည်။
အရှိန်လျှော့ကာ တရွေ့ရွေ့မောင်းနှင်နေရသော ရောင်ခြည်ဦးတို့​၏ကားမှာ မကြာမီ၌ တံတားပေါ်သို့ပင်ရောက်လာခဲ့သည်။

ရောင်ခြည်ဦး​၏ပေါင်ပေါ်၌ခွထိုင်ရင်း ရင်ဘတ်
သို့မှီထားသည့်ဒီဒီက မျက်နှာလေးငယ်ကာ
မော့ကြည့်လာ​သည်။သားက အဖေဖြစ်သူကို
ကြည့်ကာ နှုတ်ခမ်းငယ်လေးမှာ တဖြည်းဖြည်းမဲ့ကျနေသည်။မျက်ဝန်းအိမ်များအတွင်း မျက်ရည်
စတို့က ပြည့်လျှမ်းလာခဲ့သည်။

"ဒယ်"

ကား​၏မှန်တံခါးချပ်မှ အပြင်သို့ကြည့်နေရင်း
ဒီဒီ့ခေါ်သံကြောင့် ရောင်ခြည်ဦးက ငုံ့ကြည့်မိ
လိုက်သည်။တည်တံ့မောင်​၏ထိုးချက်များကြောင့်
လည်း မျက်နှာရှိဒဏ်ရာများက ရောင်ကိုင်းလို့လာ
နေ​၏။ဒဏ်ရာမှသွေးစများကိုပင် မသုတ်ပစ်ရသေးပေ။

"ဘာဖြစ်လို့လဲဒီဒီ..ခေါင်းနာလို့လား"

"ဆောရီး"

'Sorry'ဆိုကာ သားကပြောလျှင် သူကနားမလည် ချေ။သား​၏ခေါင်းလုံးလုံးသို့ပွတ်ပေးရင်း
ရောင်ခြည်ဦးက အကြောင်းပြချက်ကိုပင် ပြန်မေး
လိုက်ရ​၏။

"ဘာကြောင့်..သားက sorryလို့ပြောတာလဲ"

"ဒယ်နာနာ"

သားက ဒဏ်ရာများအား သူ့ကြောင့်ရသည်ဟုပင်
ထင်နေသည်။မော့ကြည့်နေသော သား​၏မျက်ဝန်း
ကလေးထံ ထပ်ကာ မျက်ရည်များလည်လာခဲ့သည်။စိတ်မကောင်းဖြစ်ဟန်တူနေသော သား​၏ စိတ်ကလေးက နုနယ်သည်၊ထိခိုက်လွယ်သည်ကို
ရောင်ခြည်ဦးက ကောင်းစွာနားလည်သဘောပေါက် ပါ​၏။

"Daddyဒဏ်ရာတွေက ဒီဒီ့ကြောင့်ရတာမှမဟုတ် တာ။ဖေဖေ့ကိုရော ဒီဒီကကြောက်သွားပြီလား"

"ကြောက်ကြောက်"

"ဒါဆို ဖေဖေ့ကို..ဒီဒီစိတ်ဆိုးလား"

သူကမေးလျှင် ဒီဒီကခေါင်းလေးခါကာ ပြန်ဖြေ
ရှာသည်။

"ချိုးဝူး"

Don't Lie To Your Heartbeat(Completed)Where stories live. Discover now