Part 20 🌚🔞Uni

19.7K 456 71
                                    

⚠️ရိုင်းစိုင်းသော အသုံးအနှုန်းများ ပါဝင်နိုင်၍ ကြိုတင်တောင်းပန်ပါသည်။

<3<3<3<3<3<3<3<3<3<3<3<3<3

ဂုဏ်ကတော့ မင်္ဂလာအချိန်ပြီးကတည်းက သူ့အကြံနဲ့သူ ပျော်ရွှင်နေတော့သည် ။ ဝန်ထမ်းများက ညကို Dinner party လုပ်ပေးရန် တောင်းဆိုကြသည် ။ မြန်မာနိုင်ငံပြန်ရောက်မှာ dinner party လုပ်ဖို့ ဂုဏ်က တွေးထားသည် ။ သို့သော် ကိုကိုပါ လုပ်ပေးလိုက်ပါဆိုတော့ ဂုဏ် တစ်ယောက် ချစ်ရသူစကားတစ်ခွန်းနဲ့တင် အရာရာ လုပ်ပေးဖို့ အသင့်ဖြစ်သွားသည် ။

Dinner party အတွက် Hotel ရဲ့ လသာဆောင် အပေါ်ဆုံးထပ်ကြီးမှာ အားလုံးပျော်ပျော်ပါးပါး ပြင်ဆင်နေကြသည် ။ ဂုဏ် နဲ့  ပိုင်သစ်ကိုတော့ ဝန်ထမ်းတွေက ဘာမှ မလုပ်စေပဲ ခုံမှာသာ ထိုင်နေစေသည် ။ ပိုင်သစ်လည်း လသာဆောင်ရဲ့ အစွန်းနားလေးမှာ သွားရပ်ရင်း လေကောင်းလေသန့်ရှူနေလိုက်သည် ။ ခဏအကြာ ခါးကိုသိုင်းဖက်လာသော လက်တစ်စုံကြောင့် ပိုင်သစ် ခန္ဓာကိုယ်လေး အနည်းငယ်တွန့်သွားသည် ။

"" ကိုကို ဘာတွေတွေးနေတာလဲ ""

""ဘာမှ မတွေးပါဘူးမောင်ရယ် ဒီတိုင်း လေကောင်းလေသန့်ရှူနေတာ ""

"" မောင်တော့လေ ပျော်လွန်းလို့ ရူးတော့မယ် သိလား ""

"" အမလေး ရူးတော့ မရူးပါနဲ့ မောင်ရယ် တော်ကြာနေရင်းထိုင်ရင်း ကိုကိုပါ အရူးလင် ဖြစ်နေဦးမယ် ခ်ခ်""

"" ရား ကိုကိုနော် ကိုကိုက မောင်ရူးသွားရင် မောင့်ကို ပြစ်သွားမှာပေါ့
ဟုတ်လား ""

"" မောင်ရယ် မဟုတ်တာ ကိုကိုက တစ်သက်လုံး မောင့်အနားမှာပဲနေမှာ""

"" အင်း ဟုတ်တယ် ကိုကိုက အမြဲတမ်း မောင့်အနားမှာပဲနေရမှာ ""

"" နေမှာပေါ့ အမြဲ ""

"" ကိုကို တစ်ခုမှတ်ထားပေးနော် ကိုကိုမောင့်ဘဝထဲက ထွက်သွားတဲ့နေ့က မောင်လည်း လူ့လောကကြီးက ထွက်သွားတဲ့နေ့ပဲ ""

""မောင်ရယ်  ဒီအတွက် စိတ်ချပါ ကိုကိုက မောင်နှင်မထုတ်မချင်း မောင့်အနားက ဘယ်တော့မှ ထွက်ခွာမသွားပါဘူး""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now