Part 21💐Uni

9.8K 400 39
                                    

မနက်မိုးလင်းတော့ ပိုင်သစ်နိုးလာပြီး ဘေးကိုကြည့်လိုက်တဲ့အခါ မောင့်ကိုမတွေ့ရ ။ ဒါနဲ့ အိပ်ယာကထမယ်အလုပ် ညက မောင်ထည့်အိပ်ထားတာကြောင့် ထင်သည် လူကထလိုက်တာနှင့် အောက်ပိုင်းကနာကျင်မှုတို့က အတိုင်းမသိပင် ။ ဘေးနားမောင်ကရှိမနေတော့ ဝမ်းနည်းစိတ်ကအလိုလို လှိုက်တက်လာကာ မျက်ရည်တို့ကကျလာရသည် ။ ဒါနဲ့ပဲ စောင်ပြန်ခြုံကာ ပြန်လှဲရင်း တရှုံ့ရှုံ့နဲ့ ငိုနေမိသည် ။

ဂုဏ်တစ်ယောက် ညနေFlight နဲ့ မြန်မာပြည်ပြန်ဖို့အတွက် ကိုနိုင်ဇေကို မှာစရာရှိတာတွေ သွားမှာနေသည် ။ သူထလာတော့ ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာနဲ့ မပြောပဲ တိတ်တိတ်ကလေး ဆင်းလာခဲ့သည် ။ ပြီးတော့ ကိုကိုနိုးရင်စားဖို့ ကြက်သားစွတ်ပြုတ်ရချင်တာနဲ့ Hotel ရဲ့ စားဖိုမှူးကို ငွေကြေးအနည်းငယ်ပေးပြီး လုပ်ခိုင်းကာ စောင့်ယူနေခြင်းကြောင့် အခန်းထဲကထွက်လာတာ တစ်နာရီ​လောက်ကြာသွားသည် ။ ကြက်သားစွတ်ပြုတ်ရတာနဲ့ အမြန်ယူပြီး အခန်းသို့အမြန်သွားရတော့သည် ။

ဂုဏ်အခန်းတံခါးကို ဖွင့်ပြီး အခန်းထဲရောက်ရောက်ချင်း ကိုကို့ကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာပဲလှဲနေတာတွေ့တော့ အိပ်နေတုန်းဟုထင်ကာ ကြက်စွတ်ပြုပ်ပန်းကန်ကို စားပွဲပေါ်တင်ထားလိုက်ပြီး ကိုကို့ဘေးနားဝင်ထိုင်လိုက်သည် ။ အနားကပ်လိုက်တော့မှ ရှိုက်သံလိုလို ဘာလိုလို ကြားလိုက်ရတာမို့

"" ဟင် ကိုကို ငိုနေတာလား ""

ဂုဏ်လည်း ခေါင်းမြီးခြုံထားတဲ့ စောင်ကို ဆွဲချလိုက်ပြီး ကိုကို့ခန္ဓာကိုယ်လေးကို မိမိဘက်သို့ ဆွဲလှည့်လိုက်သည် ။
ထိုတော့မှ မိမိချစ်ရသူက မျက်ရည်များစိုရွှဲနေတာမို့ နှလုံးသားကနာကျင်သွားရသည် ။

"" ဘာလို့ ငိုနေတာလဲ ကိုကိုမောင့်ကို ပြောပါဦး ဘာလို့လဲဟင် ""

"" ဟင့် ကိုကိုနိုးလာတော့ မောင်မှအနားမရှိပဲ အင့် ပြီးတော့ ကိုကိုမထနိုင်ဘူး ""

"" ဟော မောင့်အသည်းလေးက မောင့်ကို ကောက်နေတာပေါ့ ဟုတ်လား မောင်က ညနေမြန်မာပြည်ပြန်ဖို့အတွက် ကိုနိုင်ဇေကို မှာစရာရှိတာသွားမှာနေတာပါကွာ ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now