Part 34 ❄️Uni

5.9K 240 31
                                    

ဒီနေ့ ကိုနိုင်ဇော်လည်း ဒဏ်ရာ သက်သာလာပြီး ဆေးရုံကဆင်းတော့မှာကြောင့် ရှင်းသန့်ရော ကိုနိုင်ဇော်ကိုပါ ပိုင်သစ်က သူ့အိမ်မှာလာနေရမည်ဟူ၍ ပြောကာခေါ်ထားသည် ။ ပိုင်သစ်ကတော့ အိမ်ရှင်းရန်အတွက် အိမ်မှာကျန်နေခဲ့သည် ။ ဂုဏ်ကတော့ ဆေးရုံကို ကိုနိုင်ဇော်တို့ကို အကြိုလာခဲ့သည် ။
အပြန်ကျ ဘိုးဘိုးက ကိစ္စတစ်ခုလုပ်ပေးရမယ်ဆိုလို့ မနက်စောစောစီးစီး အလျှင်အမြန် ထွက်ခဲ့ရသည် ။

"" ဟာ ဂုဏ် မင်းက အစောကြီးပါလားကွ ""

"" ဟုတ်တယ် ကိုနိုင်ဇော်ရေ အပြန်ကျ ဘိုးဘိုးကသွားစရာရှိသေးတယ်ဆိုလို့ နေ့ခင်းကျ အစည်းအဝေးကလည်း ရှိသေးလို့ ""

"" အေးကွာ ငါလည်း သက်သာချင်နေပြီ အလုပ်မလုပ်ရတာ ကြာနေပြီကွ ""

"" အေးဆေးသာနေပါဗျာ လက်ထောက်တွေပေါပါတယ် ဟားဟား ရှင်းသန့်ကရော ""

"" သူToilet ထဲမှာ ခဏလောက်
စောင့်""

ကိုနိုင်ဇော်ပြောနေတုန်း ရှင်းသန့်က Toilet ထဲက ထွက်လာခဲ့သည် ။

"" အာ Sorry အကိုဂုဏ် ကျွန်တော့်ကို စောင့်နေရလို့ ""

"" အေးအေး ရပါတယ်ကွာ လာသွားကြမယ် "!

"" ဟုတ်ဟုတ် ""

<3<3<3<3<3<3<3<3<3<3

ဆေးရုံနဲ့အိမ်က နဲနဲဝေးတာကြောင့် ၃၀မိနစ်လောက်နေမှ အိမ်ရောက်လာခဲ့သည် ။ မိနစ်၂၀လောက်နဲ့ ရောက်နိုင်ပေမဲ့ မီးပွိုင့်ကမိနေတော့ လမ်းမှာ ကျန့်ကြာနေတာပေါ့ ။

"" ကဲ ဝင်ကြ ""

"" ဟာ မောင်တို့ ရောက်လာပြီပဲ ""

"" အင်း ကိုကို မီးပွိုင့်မိနေလို့ နဲနဲကြာသွားတယ် ""

"" အော်....ဝေါ့ ...အဟွတ် အဟွတ် ""

""" ကိုကိုဘာဖြစ်တာလဲ ""

"" ရပါတယ် ဘာမှမဖြစ်ဘူး လာ ရှင်းသန့်နဲ့ ကိုနိုင်ဇော် အိမ်ထဲဝင်ကြ ညောင်းနေရောပေါ့ ""

"" ဟုတ် အကိုပိုင်သစ် ""

အိမ်ထဲရောက်တော့ ဘိုးဘိုးက ဧည့်ခန်းထဲမှာ စာစောင်ဖတ်ရင်း ထိုင်နေသည် ။ ပိုင်သစ်က လှမ်းခေါ်လိုက်သည် ။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now