Part 15⭐Uni

9.1K 476 33
                                    

ကိုနိုင်ဇေအမေးကြောင့် ပိုင်သစ်လည်း ရှက်ပြီး ရုံးခန်းထဲအမြန်ဝင်ခဲ့ကာ မိမိစားပွဲမှာ ဝင်ထိုင်နေလိုက်သည်။ မောင်ကတော့ သူနဲ့ချစ်သူတွေ ဖြစ်နေပြီဆိုတာကို တစ်လောကလုံးကို အသိပေးချင်သည်တဲ့လေ။ ဒါပေမဲ့လည်း လောလောဆယ်တော့ မဖြစ်နိုင်သေးဘူးလေ ကုမ္ပဏီက လူတွေသိတာနဲ့ မိမိအိမ်သို့ သတင်းက အနှေးနဲ့အမြန်ရောက်သွားမည်ဖြစ်သည်။ ပုလင်းတစ်ရာကိုသာ ပိတ်လို့ရချင်ရမယ် လူ့ပါးစပ်တစ်ပေါက်က အတော်ပိတ်ရခက်သား။
မိမိအိမ်က အရမ်းကြီးရှေးရိုးမဆန်သော်လည်း ဒီလိုကိစ္စကို လက်ခံမည်မဟုတ်မှန်း ပိုင်သစ်သိသည်။ မောင့်ကိုတော့ ပိုင်သစ် အမှန်တကယ်ပင်ချစ်မိပါသည်။ ဒါကြောင့်လည်း အိမ်က သဘောတူမှာမဟုတ်မှန်းသိရက်နဲ့
မောင့်အလိုကျ အဖြေပြန်ပေးခဲ့ခြင်းဖြစ်သည်။ ပိုင်သစ်ရဲ့အချစ်တွေက မောင့်ကို မွန်းကြပ်စေမှာတောင်
ပိုင်သစ်စိုးရိမ်မိသည်။

ကိုယ့်အတွေးနဲ့ကိုယ် ပိုင်သစ်တစ်ယောက်ပြုံးလိုက်သည်။

""ကိုကို ဘာတွေ ပြုံးနေတာလဲ ကိုကို့အတွေးတွေကို အပိုင်စီးထားတာ
ဘယ်ကကောင်လဲ""

တွေ့လား မောင်က အတွေးထဲထိကို လိုက်သဝန်တိုတတ်တာ ။ ချစ်လို့ သဝန်တိုတာမို့ မောင့်ကို နားလည်ပါသည်။

""ကိိုကို မောင် မေးနေတာကို မဖြေပဲ ထပ်ပြုံးနေပြန်ပြီ ဖြေလေ ဘယ်ကောင်လဲလို့""

""မောင်က ဘသူထင်လို့လဲ""

""မသိလို့မေးတာပေါ့ ကိုကို မောင်သိရင် အဲ့ကောင်ကို သွားသတ်ပြီးပြီ""

""ဟားဟား မောင်ကတော့ကွာ ကိုယ့်ဖာသာ ပြန်သတ်မလို့လား ဟမ်..""

""ဘာလို့မောင်က ကိုယ့်ဖာသာ သတ်ရမှာလဲ""

""ဟော CEOကြီးက တုံးပြန်ပါပြီ ကိုကိုတွေးပြီးပြုံးနေတာ မောင့်အကြောင်း
စဥ်းစားနေလို့လေ အဲ့တော့ ကိုကို့ကို ပြုံးအောင်လုပ်နေတာ မောင်လေ ဟီးဟီး""

""ဟာ ကိုကိုကတော့ကွာ မောင့်ကို အသည်းယားအောင်လာလုပ်နေတာပဲ""

""မောင် ...အွန့်..အု..မောင်""

ဂုဏ်လည်း ကိုကို့ရဲ့စားပွဲပေါ်တက်ထိုင်လိုက်ပြီး ကိိုကို့မျက်နှာလေးကို ဆွဲမော့ကာ နှင်းဆီရောင်နှုတ်ခမ်းပါးလေးကို တပ်မက်စွာ နမ်းရှိုက်လိုက်သည်။ ကိုကိုကတော့ ရုတ်တရက်ဆိုတော့ လန့်သွားသည် ထင်သည် ဂုဏ့်ရဲ့ရင်ဘတ်ကို သူ့ရဲ့ လက်ဖြူဖြူသေးသေးလေးတွေနဲ့ တွန်းလွှတ်နေသည်။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now