Part 23🌻Zaw

3.8K 116 70
                                    

မနေ့ကလေယာဉ်စီးထားရတာကြောင့် ခရီးပန်းပြီး ဒီနေ့မနက် ပိုင်သစ်ရော ဂုဏ်ရော ၁၀နာရီလောက်မှ အိပ်ယာနိုးကြသည် ။ အလုပ်ကိုကပစ်ထားတာကြာပြီ ဖြစ်တာကြောင့် ဒီနေ့ သွားကိုသွားရမည် ။ နောက်ကျနေလည်း သွားရမည်ဖြစ်တာကြောင့် နှစ်ယောက်သား ရေအမြန်ချိုးပြီး မနက်စာကို ဖြစ်သလိုစားကာ ကုမ္ပဏီကို ပြေးရတော့သည် ။

ကုမ္ပဏီရောက်တော့လည်း မောင်နဲ့
ပိုင်သစ်က တစ်ခန်းထဲ အလုပ်လုပ်ရတာမို့ နှစ်ယောက်သားမှာ ဝေးချိန်ဆိုတာမရှိ ။ မြင်ရလွန်းလို့ မမြင်ချင်တော့ပါဘူးဆိုတဲ့ အချိန်သာရောက်ချင်ရောက်လာမည် မတွေ့ရတာကြာလို့ လွမ်းနေပါပြီဆိုတဲ့ အချိန်မရှိနိုင်ဟု
ပိုင်သစ်စိတ်ထဲ တွေးလိုက်သည် ။
ကိုယ့်အတွေးနဲ့ကိုယ်ပိုင်သစ်တစ်ချက်ပြုံးလိုက်သည် ။

ဘုန်း!!!!

"" အမလေး!!! လန့်တာ မောင်ရယ် ""

ကိုကို့နားကိုလာရပ်နေတာ ကိုကိုမြင်မယ် ထင်လို့ ပြုံးပြနေတဲ့ကျွန်တော်က အရူးကျလို့ ။ ကိုကိုက ဘာတွေတွေးပြီး ပြုံးနေတာလည်း မသိတာမို့ ကိုကို့အလုပ်စားပွဲကို ရုတ်တရက်ထုချလိုက်သည် ။ အဲ့တော့မှ အတွေးမှ ရုန်းထွက်လာတဲ့ ကျွန်တော့်ကိုကို

"" ဟွန်း ကိုကိုနော် ""

"" ကဲ မောင် မပြောမဆိုနဲ့ ဘာလို့လာထုရတာတုန်း ""

"" ကိုကိုက ဘာတွေတွေးပြီး ပြုံးနေလဲမှ မသိတာ မောင်တစ်ယောက်လုံး ကိုကို့နားရှိနေတာကို ကိုကိုက ဘာတွေတွေးနေရတာလဲ ပြောပါဉီး ""

"" ဟင်း ဒီရက်ပိုင်း ကိုကို့ရဲ့ မောင်က ရစ်စိန်လေး ဖြစ်နေပါလား ဟမ် ""

"" အဲ့တော့ ကိုကိုကမချစ်တော့ဘူးလား""

"" အင်း ကိုကိုက ဆိုးတဲ့ကလေးတွေဆို မချစ်ဘူး ""

"" ဟင့်အင်း မောင်ကလိမ္မာတယ် ""

"" အင်း ဒါဆိုချစ်တယ် ""

"" ချစ်ရင် ညကျညစာကျွေးနော် ""

"" မောင့်ကိုဘယ်တုန်းက အငတ်ထားလို့တုန်း ""

"" ဟာ ကိုကိုကလည်း ထမင်းစားတာကိုပြောတာမဟုတ်ဘူး ""

"" ဒါဆိုဘာလဲ ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now