Part 14 🥞 Zaw

5.6K 165 15
                                    

""အား ဟားဟား မောင်ရေ ငြိမ်ငြိမ်နေကွာ ယားတယ်လို့ မောင်လို့ ဟီးဟီး ယားတယ်""

မီးဖိုချောင်ထဲမှာ ပစ္စည်းတွေ နေရာချရင်း အလုပ်ရှုပ်နေတဲ့ ပိုင်သစ်ကို ဂုဏ်လိုက်စနေခြင်းဖြစ်သည်။

""မောင့်ကို ချစ်လားပြော""

""ဟင့်အင်း မပြောဘူး ""

""ဟာ ကိုကို ဒါဆို မောင် ကိုကို့ကို ဆက်ပြီး ကလိယားထိုးမှာနော်""

""အား ဟားဟား ချစ်တယ်မောင် ချစ်တယ်လို့ ""

""အစောကတည်းက ဒီလိုပြောမှပေါ့ ""

""ဟောဟဲ ဟွန်း လူဆိုးကောင် မောင်က ကိုကို မောသွားပြီ တော်တော့ဆက်မစနဲ့တော့ ""

""ဟုတ်ကဲ့ပါဗျာ မောင့်အသည်းလေး သဘောပါဗျာ ဒါဆို မောင်ဘာကူလုပ်ပေးရမလဲ ပြော""

""မီးဖိုထဲမှာ အမှိုက်တေချည်းပဲ မောင် တံမြက်စည်းလေး လှည်းလိုက် ကိုကိုက ဟင်းချက်တော့မယ်""

""ဟုတ် ကိုကို"" ဟုတ် လို့သာ ပြောလိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် တံမြက်စည်းကို ဂုဏ် ကိုင်တောင် မကိုင်ဖူး။ အိမ်ရှင်းလျှင်လည်း တစ်ပတ်တစ်ခါသန့်ရှင်းရေး ခေါ်ပြီး ရှင်းခိုင်းသည်။

**ဟမ့် လှည်းဆိုတော့လည်း လှည်းတာပေါ့ မခက်လောက်ပါဘူး ဒါလေးများ အေးဆေး ဖိုက်တင်း ဂုဏ်**
စိတ်ထဲမှာ သူ့ကိုယ်သူအားပေးပြီး တံခါးနောက်မှာထားတဲ့ တံမြက်စည်းကို သွားယူလေတော့သည်။

ပိုင်သစ်လည်း City Martက ဝယ်လာတဲ့ အသားတွေကို ရေဆေးနေတုန်း တံမြက်စည်းလှည်းခိုင်းလိုက်တဲ့မောင် အသံတိတ်ပျောက်သွားတာကြောင့်
လှည့်ကြည့်မိလိုက်ရာ ပိုင်သစ်မှာ ပါးစပ်ပင်မစိနိုင်တော့...

""ဟားဟား ........မောင်ရယ် ဟား...အမလေး အူတွေပါနာလာပြီ ဟားဟား""

""ကိုကို!!!!! ဘာလို့ မောင့်ကို အဲ့လောက်ရီနေရတာလဲ""

သူ့ကို တံမြက်စည်းလှည်းခိုင်းလိုက်တာကို ဂေါက်သွားရိုက်ခိုင်းတယ် ထင်နေလား မသိပါဘူး တကယ်ပဲ တံမြက်စည်း အဖျားကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ရမ်းနေတာများ....ဖုန်တွေနဲ့ မောင်နဲ့ကို လုံးနေရောပဲ

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now