Part 25🌿Uni

6.8K 336 42
                                    

မင်းဝေယံတစ်ယောက် စန္ဒီပြောလိုက်တဲ့ စကားကို ပြန်စဥ်းစားနေမိသည် ။ သူရော စန္ဒီရောက ပိုင်လေးကို ကြိုက်နေတာဆိုရင် သူတို့နှစ်ယောက် ဘယ်လိုပူးပေါင်းလို့ ရပါ့မလဲပေါ့ ။

"" စန္ဒီ နင်ပြောတာ ငါနားမရှင်းဘူး ဘာကို ပူးပေါင်းလို့ ရတာလဲ ""

"" အင်း ပြောရရင် စန္ဒီ အကိုပိုင်ကို ချစ်ခဲ့တာ မှန်တယ် အခု စန္ဒီအရှက်ကွဲခဲ့ရတဲ့ အတွက်ကြောင့် သူတို့အိမ်ထောင်ရေးကို ဖြိုခွဲဖို့ပဲ စန္ဒီ့ဆီမှာ စိတ်ကူးရှိတယ်""

"" အဲ့တော့ ""

"" အင်းအဲ့တော့ ကိုကြီးက အကိုပိုင်ကိုရမယ် သူတို့အိမ်ထောင်ရေးပြိုကွဲတော့ ဂုဏ်လည်း ပျက်စီးသွားမယ် ဒီလောက်ဆို ကိုကြီးနားလည်တယ်မလား ""

"" အင်း နားလည်သလိုပဲ ""

"" အခု အဲ့အိမ်ကို စန္ဒီအိမ်ဖော်တစ်ယောက် လွှတ်ထားတယ် ကိုကြီး ဘာမှမစီစဥ်နဲ့နော် စန္ဒီရေးတဲ့ဇာတ်ကိုပဲ ကိုကြီးက ဝင်ကပေး ""

"" အိုကေလေ ဒါနဲ့ စန္ဒီ ဒီကိစ္စတွေကို ညီမလေးမသိစေနဲ့နော် သူကလုံးဝလက်ခံမှာ မဟုတ်ဘူး ""

"" စန္ဒီသိပါတယ် မမြတ်နိုးကို မပြောပါဘူး သူသိရင် မလွယ်ဘူး ""

"" အေး ဒါဆိုငါဖုန်းချပြီ ""

"" နေဦး ကိုကြီး ""

"" ဘာလဲ ပြော ""

"" ကိုကြီးက အခုဘယ်မှာလဲ ""

"" ငါလား ထိုင်းနယ်စပ်ဖက်မှာပေါ့ ""

"" ကိုကြီး နောက်အပတ်လောက်ကျ မန္တလေး အမြန်ပြန်ခဲ့တော့လေ ""

"" ငါဒီမှာ လုပ်စရာတွေ ဖြတ်ပြီးမှ လာလို့ရမှာဟ ရဲတွေကလည်း ခြေယာခံလိုက်နေလို့ မနဲရှောင်တိမ်းနေရတယ် ""

"" အင်းပါ ကိုကြီးအဆင်ပြေတဲ့အချိန်ပြန်ခဲ့ ဒီကကိစ္စတွေ စန္ဒီစီစဥ်ထားလိုက်မယ် ""

"" ဟုတ်ပြီ စိတ်ချမယ် ဒါပဲ ""

စန္ဒီဖုန်းချလိုက်ပြီးမှ  ဝမ်းသာအားရ တစ်ချက်အော်ရယ်လိုက်သည် ။

"" ဟားဟား အခုဆို နင်တို့အိမ်ထောင်ရေးက ပြိုကွဲဖို့အစပြုလာတော့မှာပဲ ဂုဏ်ရယ် တစ်ယောက်တည်းဝင်လုံးရမှာ ထက်စာရင် ကိုကြီးနဲ့ နှစ်ယောက်က နင်တို့အိမ်ထောင်ရေးကို ပိုထိခိုက်စေနိုင်မယ်လို့ ငါယုံတယ် ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now