Part 31 🍍Uni

5K 265 15
                                    

ပိုင်သစ်လည်း မောင့်လက်ကို ကိုင်ကာ အိပ်ပျော်နေရင်းမှ ကိုနိုင်ဇော်တို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ရန် သတိရလာ၍ နိုးလာသည်။

"" မောင်...မောင်...ထဦး ""

"" အင်..ဝှား....ဘာဖြစ်လို့လဲဟင် ကိုကို ""

"" ဘာမှမဖြစ်ပါဘူးမောင်ရဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဆေးရုံအောက်ထပ်မှာ သွားဝယ်ရအောင်လို့ပါ ""

"" အာ ဟုတ်သားပဲ မောင်လည်း တစ်မှိန်းအိပ်ပျော်သွားတယ် ""

"" ကဲ ကဲ အမြန်သွားဝယ်ရအောင် မောင် တော်ကြာ ကိုနိုင်ဇော်တို့သတိရလာရင် လူမရှိပဲဖြစ်နေလိမ့်မယ် ""

"" အွန်း သွားမယ် လာ ""

ကိုကို့လက်ကိုဆွဲကာ အမြန်ဆေးရုံအောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။

<3<3<3<3<3<3<3<3<3<3<3

"" တောက်....စောက်သုံးမကျတဲ့ကောင်တွေ ဒါလေးကို စောက်ဖြစ်ရှိရှိမလုပ်နိုင်ဘူးလား ""

"" တောင်း..တောင်းပန်ပါတယ်ဆရာ""

"" မင်းတို့တောင်းပန်တာကို ငါက ကျေနပ်ရမှာလားကွ ""

"" ဆရာ ပြောပါ ဆရာကျေနပ်အောင် ဘာလုပ်ပေးရမလဲ ကျွန်တော့်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါဆရာ ဟိုလူက ကိုယ်စားဝင်ခံလိုက်လို့ အခုလိုဖြစ်သွားတာပါဆရာ ""

"" ဘာ!!! ဒါဆို အဲ့ကောင်က မင်းတို့ကို မြင်သွားတယ်ပေါ့ ဟုတ်လား ""

"" ထင်..ထင်ပါတယ် ဆရာ ""

"" တောက်....ဒီကိစ္စကို ဂုဏ်မြင့်မာန်က ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူး သူတို့ဘက်က တစ်ခုခုလုပ်တော့မှာသေချာနေပြီ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် မင်းငါ့ကို သစ္စာမဖောက်နဲ့ သောင်းနိုင် မင်းလူ မိုက်ကယ်ကိုလဲ သေချာပြောထား ""

"" စိတ်ချပါဆရာ ကျွန်တော် သေသည်အထိ ဆရာ့အပေါ် သစ္စာစောင့်သိမှာပါ ""

"" မင်းစကား မင်းတည်ပါစေ သွားလို့ ရပြီ ""

"" ဟုတ်ကဲ့ ""
ဆိုပြီး သောင်းနိုင်က မင်းဝေယံကို အရိုအသေပေးကာ အခန်းထဲမှ ထွက်သွားသည် ။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now