Part 30 😻 Uni

5.9K 262 20
                                    

Part 30 😻

ဘယ်နားကမှန်းမသိ ရုတ်တရက်ထွက်ပေါ်လာသော သေနတ်သံတစ်ချက်နှင့်အတူ ပျော်ရွှင်စွာကခုန်နေသော လူများအကြား ဝမ်းဗိုက်မှ သွေးအလိမ်းလိမ်းထွက်ကာ မြေပြင်ပေါ် လဲကျသွားသော လူတစ်ယောက် ။

"" လုံခြုံရေးတွေ ဘယ်မှာလဲ အခုချက်ချင်းလိုက်ကြ တစ်ယောက်မှမလွတ်စေနဲ့ ""

ကြည်လင်ပြတ်သားသော Company CEO ဂုဏ်၏ အသံသည် ဟိန်းထွက်လျှက်

တစ်ဖက်Hotel ၏ လသာဆောင်တွင်တော့ .......

"" ဟာ ဟေ့ကောင် မိုက်ကယ် မင်းလူမှားပစ်လိုက်ပြီကွ ....ဟာကွာ Boss ကတော့ ငါတို့ကို သတ်တော့မှာပဲ ""

"" ဟေ့ကောင် ငါလည်း သူ့ကိုချိန်ပစ်တာပဲကွ ဟိုလူက သူ့ဘာသာဝင်ခံသွားတာ ကြည့်ရတာ ငါတို့ကို သူမြင်သွားတယ်ထင်တယ် ""

"" မင်းကွာ စောက်ဖြစ်ကိုမရှိဘူး တောက်ခ် ""

"" ဟေ့ကောင် စောက်ဖြစ်ရှိတာမရှိတာ အသာထား အခု အမြန်ပြေးမှရမယ် ငါတို့ကို မိသွားလို့ မဖြစ်ဘူး ""

<3<3<3<3<3<3<3<3<3<3<3<3<3

​ကြမ်းပြင်တွင် သွေးအလိမ်းလိမ်းနှင့်လဲကျနေသော နိုင်ဇော်အား လက်တစ်ဖက်ဖြင့်ထိန်းထားပြီး လူနာတင်ကား အမြန်ခေါ်ရန် ထပ်ညွှန်ကြားနေသည် ။

ပိုင်သစ်လည်း မထင်မှတ်ထားသည့်အချိန်တွင် မထင်မှတ်စွာ ဖြစ်လာ
သည့် ဤအဖြစ်အပျက်ကြောင့် မည်သူ့ကိုအပြစ်တင်ရမှန်းမသိ။

နိုင်ဇော်အနားသို့ အမောတကော ရောက်ရှိလာသော ကောင်လေးမှာတော့ မျက်ရည်များစီးကျကာ ဘာစကားမှမဆိုနိုင် ။

"" ရှင်း.....ရှင်းလေးးးးး ....
အဟွတ် ...မ...မငိုပါနဲ့ အဟွတ် ""

သေမင်းနှင့်လွန်ဆွဲနေသည့်ကြားမှ မိမိမြတ်နိုးရသည့် ကောင်လေး၏ မျက်ရည်တို့အား မကြည့်ရက်နိုင်သဖြင့် အားတင်းကား စကားဆိုမိသည်။ ဒဏ်ရာကြောင့် ပါးစပ်မှသွေးများကတော့ အန်ထွက်လျှက်။

"" လူကြီး..ဟင့်...... စကားမပြောနဲ့ ခဏလေးတောင့်ထားနော် ဘာမှမဖြစ်ဘူး ခဏလေးပဲ တကယ်ခဏလေးပဲတောင့်ထားပေးပါ ....ရွှတ်.... ဆေးရုံကားလာတော့မယ် အားတင်းထားနော် ခဏလေးပါပဲ အီး...ဟီး..""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now