Part 35🏀Uni

5K 222 13
                                    

ကိုနိုင်််ဇော်ရဲ့ ဖုန်းဆက်ခြင်းအပြီး အိမ်ကို အပြေးအလွှားပြန်ရောက်လာကြတဲ့ ဂုဏ်တို့ သုံးယောက်သား ။

ပိုင်သစ်ကတော့ အခန်းထဲက အိပ်ယာလေးပေါ်မှာ အခုထိအိပ်ပျော်နေတုန်း။
ဘေးမှာ ရှင်းသန့်လေးက ထိုင်စောင့်ပေးနေသည် ။

ဂုဏ်ရောက်လာတော့မှ ရှင်းသန့်လည်း နေရာဖယ်ပေးလိုက်သည် ။

"" ကိုနိုင်ဇော် ဘယ်လိုသိတာလဲ ဟုတ်ရောဟုတ်ရဲ့လား ကျွန်တော့်ကို လာနောက်နေကြတာလား ""

"" ဖြေးဖြေးမေးစမ်းပါဟာ ဂုဏ်ရာ ဒါနောက်စရာလားကွ  မင်းတို့ထွက်သွားပြီး မကြာဘူး ပိုင်သစ်က မီးဖိုထဲမှာ ချက်ရင်းပြုတ်ရင်း မူးလဲသွားလို့ ငါတို့လည်း ချက်ချင်းဆရာဝန်ပင့်လိုက်ရတာ ""

"" ကျွန်တော့်ကိုတော့ လှမ်းမခေါ်ဘူးဗျာ ""

"" ကဲသဲမနေနဲ့ ဂုဏ်မြင့်မာန် မင်းကိုခေါ်တော့ရော မင်းကဘာလုပ်ပေးနိုင်မှာမို့လဲ မင်းကဆရာဝန်လား ""

ဦးဘုန်းရှိန် မြေးဖြစ်သူကို မနေနိုင်လို့ ဝင်ပြောမိသည် ။

"" အာ ဘိုးဘိုးကလည်း ""

"" လာပါ အဖေရယ် အဖေ့မြေးကို ထားခဲ့လိုက် ကျွန်တော်တို့ ဧည့်ခန်းမှာ ကော်ဖီသောက်ရင်း စကားပြောကြရအောင် ""

"" အေးအေး ""

ဦးဘုန်းရှိန်နဲ့ ဦးမြင့်မာန်လည်း သူတို့ဘာသာပြောပြီး ထွက်သွားတော့သည်။

"" ကိုနိုင်ဇော် ဆက်ပြောပါဦး ဆရာဝန်က ဘယ်လိုပြောသွားတာလဲ ""

"" အေး စစ်ကြည့်တော့ ကိုယ်ဝန်ရှိနေတယ်လို့တော့ မြင်တာပဲတဲ့ ဒါပေမဲ့ ယောက်ျားလေးဆိုတော့ ဒေါက်တာကလည်း မကြုံဖူးလို့ထင်တယ် မနက်ဖြန် ဆေးရုံလာပြီး OG နဲ့ သေချာစစ်ဖို့ ပြောသွားတယ် ပိုင်သစ်ကတော့ နဲနဲအားနည်းနေလို့ အားဆေးထိုးပေးထားခဲ့တယ် အဲ့တာကြောင့် နဲနဲမှိန်းနေတာ ခဏနေနိုးလာလိမ့်မယ် ""

ဂုဏ်အနေနဲ့ ယောက်ျားလေးတစ်ယောက်ကို လက်ထပ်ထားတဲ့အတွက်ကြောင့် ဘယ်တုန်းကမှ ဒီလိုအခြေအနေကို မမျှော်မှန်းခဲ့ဖူးဘူး။ တစ်လောကလုံးမှာ ကိုကို တစ်ယောက်ကိုသာ ပိုင်ဆိုင်ချင်ခဲ့တာကြောင့် ကိုကို့ကိုသာ တစ်သက်လုံးလက်တွဲဖို့ ဆုံးဖြတ်ခဲ့သည် ။ အခုလို ကလေးလေး ရလာမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ နှစ်ယောက်သားရဲ့ သွေးသားပါတဲ့ ကလေးလေးကလည်း သူတို့ရဲ့ အချစ်ကြိုးလေးဖြစ်လိမ့်မယ်ဆိုတာ ဂုဏ်ယုံကြည်သည် ။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now