Part 11🍼 Zaw

7.4K 193 18
                                    

ဂုဏ်လည်း ကိုကိုနဲ့ ပထမဆုံးအပြင်သွားရမှာဆိုတော့ ( ချစ်သူအနေနဲ့ ပထမဆုံး ) ဘာဝတ်ရမလဲ စဉ်းစားနေတာ အဝတ်ခန်းထဲမှာ တော်တော်ကို ကြာနေပြီဖြစ်သည်။ အရင်ကဆို အပြင်ထွက်ရင် တွေ့တဲ့အင်္ကျီကောက်ဝတ်သွားတတ်တဲ့ ကောင်လေးက အခုတော့ ဈေးဝယ်လေး သွားဖို့ကို အင်္ကျီအသဲ
အသန်ရှာနေလေရဲ့။

ပိုင်သစ်လည်း အဝတ်သွားလဲမယ်ဆိုပြီး ခုထိပေါ်မလာတဲ့ ဂုဏ်ကြောင့်
တိုးတိုးလေးရေရွတ်လိုက်သည်က
~~အဝတ်သွားလဲတဲ့သူက အဝတ်များဖြစ်နေလား မသိဘူး တကယ်ပါပဲ~~တဲ့

ပိုင်သစ်လည်း စိတ်မရှည်တော့တာနဲ့
အပြင်ကနေ လှမ်းအော်လိုက်တော့သည်။

""မောင်ရေ အဝတ်သွားလဲတာ ကြာနေပြီလေကွာ မပြီးသေးဘူးလား""

ပိုင်သစ်အော်လိုက်မှ ဂုဏ်တစ်ယောက် ကြာနေတာ သတိရပြီး

**ဟာ မရွေးတတ်တော့ဘူးကွာ.......**

""ကိုကိုရေ ဒီအခန်းထဲဝင်ခဲ့ပါဉီး မောင် ဘာဝတ်ရမလဲ မသိတော့လို့""

""ကဲ ဖြစ်ရမယ် ""

အဝတ်လဲခန်းထဲအဲ့လောက်အကြာကြီးနေပြီး ခုထိဘာဝတ်ရမှန်းမသိဘူးတဲ့လေ ကျွန်တော့်ရဲ့မောင်က အဲ့လိုပါဆို

""ကဲ မောင် အခုက ဈေးဝယ်ရုံပဲကိုမောင်က ဘာတွေအဲ့လောက်ပြင်ဆင်နေတာလဲ ပေါ့ပေါ့ပါးပါးလေးဆိုရပြီလေ""

""ကိုကိုကလည်း ဒါမောင်တို့ရဲ့ First dateလေ""

""အင်းပါ ဟုတ်ပါပြီ""

ပိုင်သစ်လည်း အဝတ်အစားတွေ တစ်ခုချင်းစီလိုက်ကြည့်ပြီး ကော်လံပါတဲ့ T shirt လက်တိုလေးနဲ့ ဂျင်းဘောင်းဘီအရှည်ကို ရွေးယူလိုက်သည်။

""ရော့ မောင် ဒါဝတ်ခဲ့""

""ဟုတ် ကိုကို"" ဆိုပြီး ရုတ်တရက် အဝတ်အစားတွေ ချွတ်လိုက်တဲ့ ဂုဏ်ကြောင့် ပိုင်သစ်မှာ အရှက်သည်းပြီး အခန်းပြင်ကို တချိုးတည်း ပြေးထွက်သွားတော့သည်။

ဂုဏ်လည်း သူ့ကိုရှက်ပြီး မျက်နှာလေးရဲကာ အပြင်ထွက်သွားတဲ့ သူ့ကိုကို ကို ကြည့်ပြီး အသည်းယားနေတော့သည်။
**ဟက် ကိုကိုကတော့လေ မောင့်ကို ပြုစားလွန်းတယ်**

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now