Part 16🍅Uni

10K 491 103
                                    

ပိုင်သစ်လည်း စိတ်ကောက်နေတဲ့
မောင့်ကိုချော့ဖို့ သူ့စားပွဲနားသွားပြီး ရပ်နေလိုက်သည်။ ဒီတစ်ခါမောင်က တကယ်ကြီး စိတ်ဆိုးနေတာပဲ သူ့ဘေးမှာ ရပ်နေတာ အတော်ကြာနေပြီကို လူကို ယောင်လို့တောင်လှည့်မကြည့်ပေ။

""မောင်""

""........""

""မောင်လို့""

""အလုပ်လုပ်နေတယ်""

""မောင်နော် စိတ်ကောက်နေတာမလား""

""မကောက်ပါဘူး ဘာကိစ္စနဲ့ကောက်ရမှာလဲ""

""အဲ့မှာလေ လေသံကိုက အဲ့ဒါစိတ်ဆိုးနေတာ မဟုတ်လို့ဘာဖြစ်နေတာလဲ""

""ကိုကို့ဘဝရဲ့ Hero ကြီး ရောက်လာတော့ ကျွန်တော့်ကိုမလိုတော့ဘူးမလား""

မောင် ဟူ၍ပင် မသုံးနှုန်းတော့။ ဒီစိတ်ကောက်နေတဲ့ ကလေးဆိုးကြီးကို ဘယ်လိုချော့ရပါ့။

""မောင်ကလည်းကွာ အဲ့လိုမဟုတ်ပါဘူး ကိုကိုက စကားပြောနေရင်း မေ့သွားတာပါ""

""ကိုကိုနှစ်ခါရှိပြီနော် ပထမတခါ ဟိုလူမင်းဝေယံတုန်းကလည်း မောင်က ကိုကို့ချစ်သူပါလို့ ကိုကိုမိတ်မဆက်ပေးဘူး အခု အဲ့လူရဲ့ညီမ မြတ်နိုးဝေကိုလည်း ကျွန်တော်က ကိုကို့ချစ်သူလို့ မိတ်မဆက်ပေးဘူး""

""မောင်ရယ် အဲ့ဒါက...""

'"ပြီးတော့  ပိုင်ဆိုင်ကြောင်း စကားလုံးတွေနဲ့ဘေးကပြောနေတဲ့ ဒီကကောင်က အရူးကြီး လုံးလုံးဖြစ်ရော ကိုကိုကျွန်တော့်နေရာကနေ နဲနဲလောက် ဝင်ခံစားကြည့်ပေးပါလား ကိုကိုရာ""

ပိုင်သစ်လည်း ထိုင်နေတဲ့မောင့်ကို သူ့ရင်ခွင်ထဲဆွဲဖက်လိုက်ပြီး

""မောင်ရယ် ကိုကိုတောင်းပန်ပါတယ် မောင့်ခံစားချက်တွေကို နားလည်ပါတယ် မြတ်နိုးကိုမပြောလိုက်ဘူးဆိုတာက သူ့ဘေးမှာအပြင်လူတစ်ယောက်ပါတယ်လေ မောင်ရယ် မြတ်နိုးက ယုံရပေမဲ့ အဲ့ကောင်မလေးက ကိုကို့အိမ်ကိုသာ ပြန်ပြောရင် ကိုကိုတို့ကိုခွဲကြလိမ့်မယ် မောင်ရဲ့ ""

""နားလည်ပါပြီ တောင်းပန်ပါတယ်ကိုကို အရိပ်အကဲမသိတဲ့ ဒီကကောင်ကြီးကပဲ တောင်းပန်ပါတယ်""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now