Part 12🦋Uni

10.5K 527 17
                                    

ပိုင်လေး လို့ခေါ်လိုက်တဲ့ အသုံးအနှုန်းကြောင့် ဂုဏ် မိမိရှေ့ကလူကို ဘယ်သူလဲ သိချင်လာသည်။

""ဘယ်သူလဲ ကိုကို""

ဂုဏ်မေးတာကို ပိုင်သစ်ကြားသော်လည်း ဘာမှပြန်မဖြေခဲ့ပါ။ လူက ထိုကိုမင်း ဆိုတဲ့ လူကိုမြင်ကတည်းက ကြောက်သလို လန့်သလိုဖြစ်လာသည်မို့ စိတ်ကို မနဲထိန်းနေရသည်။

မိမိမေးနေတာကို ဘာမှပြန်မ​ဖြေပဲ နေနေတဲ့ ကိုကို့ကို ကြည့်ပြီး ဂုဏ်အမှန်ပင် စိတ်တိုမိပါသည်။ဒါပေမဲ့လည်း ကိုကို့ကိုကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပေါက်တဲ့အပြင် မျက်နှာတစ်ဝိုက်တွင် ချွေးစေးများပင်ပြန်နေသည်။ ဒါနဲ့ပဲ ဘေးနားမှာ ဘာမှထပ်ဝင်မပြောတော့ပဲ ငြိမ်ငြိမ်လေးသာ ရပ်နေလိုက်သည်။

ကိုကို ကိုမင်းလို့ ခေါ်လိုက်တဲ့ ထိုလူက စကားစလာသည်။

""မတွေ့ရတာကြာပြီနော် ပိုင်လေး""

""ဟုတ်ကဲ့ ကိုမင်းဝေယံ""

""ကိုယ့်ကို အရင်လို ကိုမင်းလို့ပဲခေါ်ပါ""

""ကျွန်တော့်စိတ်နဲ့ကျွန်တော်မို့ အမိန့်ပေးစရာမလိုပါဘူး""

""အိုးဟိုး ကိုယ် အမိန့်ပေးနေတာ မဟုတ်ဘူးနော် ပိုင်လေး""

""ပိုင်လေးလို့ မခေါ်နဲ့""
ဒါကတော့ ပိုင်သစ်ပြောခြင်းမဟုတ် ဘေးနားမှ ငြိမ်သက်စွာရပ်နေတဲ့ ဂုဏ်က ဝင်ပြောလိုက်ခြင်း

""မင်းက ဘယ်သူမို့ ငါ့ကိုလာတားနေတာလဲ ""

ဂုဏ်က ပြောမယ်အလုပ် ပိုင်သစ်က

""သူက ကျွန်တော့် သူငယ်ချင်းပါ
ကိုမင်းဝေယံ ""

ပိုင်သစ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ဂုဏ်တစ်ယောက် မျက်နှာပျက်ကာ ထိုနေရာမှ ထွက်သွားချင်လောက်အောင် ဒေါသထွက်မိပါသည်။ သို့သော်လည်း ကိုကို့ ကို ထိုလူနဲ့ နှစ်ယောက်တည်း မထားခဲ့ချင်တဲ့အတွက် စိတ်ကိုတတ်နိုင်သမျှထိန်းထားပြီး လက်သီး တင်းတင်းစုပ်ကာ ထိုနေရာမှာသာရပ်နေလိုက်သည်။

ပိုင်သစ်သိတာပေါ့ မောင်စိတ်ဆိုးနေပြီဆိုတာကို မောင့်ရဲ့လက်ကိုကြည့်လိုက်တာနဲ့ မောင်ဘလောက်တောင်စိတ်ဆိုးနေပြီဆိုတာ ရိပ်မိပါသည်။ စိတ်ဆိုးလည်း နောက်မှချော့ရပေမည်။ အခုတော့ ထိုလူယုတ်မာရဲ့ရှေ့မှာ မောင့်ကို ချစ်သူပါဆိုပြီး မိတ်ဆက်ပေးလို့မရ။ကိုယ့်အကြောင်းနဲ့ကိုယ်ပေမို့ မောင်ရေ ကိုကို့ကို ခွင့်လွှတ်ပါနော်။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now