Part 32🍰Uni

5.5K 272 37
                                    

လူသူတိတ်ဆိတ်လွန်းတဲ့ မြို့ပြင်ကြီးက ဂိုထောင်တစ်ခု၌........

"" ကျွန်တော် ရောက်ပါပြီ
ဦးဘုန်းရှိန်""

"' ဪ မောင်မင်းဝေယံ ရောက်လာပြီလား ""

"".......""

"" မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ခေါ်လိုက်တာပါ ""

"" ကောင်းပါပြီ ""

ဦးဘုန်းရှိန်လည်း အနောက်ကိုတစ်ချက်လှည့်ပြီး ထွက်ခဲ့တော့ဟု အချက်ပေးလိုက်သည် ။

"" ဟင်!!! ဂုဏ်မြင့်မာန် ""

"" ဝိုး ....Bravo မင်းကသိနေတာ လား ""

"" အဟမ်း ...... ကျွန်တော့်ကို သူနဲ့ဘာကိစ္စမိတ်ဆက်ပေးမှာလဲ ""

"" ဪ ဒါလား သူက ငါ့မြေးလေ မင်းမနေ့ညက သတ်ဖို့ကြံစည်ခဲ့တဲ့ ငါ့မြေး ""

"" ဟား တစ်ခုခုတော့မှားနေပြီ ကျွန်တော်မနေ့က ရန်ကုန်ရောက်နေတာ ခင်ဗျားမြေးကိုမသတ်ပါဘူး ဟက်""

"" အေး မင်းညွှန်ကြားထားတဲ့ မင်းခွေးတွေက သေနတ်နဲ့ပစ်တာလေ ဒါကြောင့် ငါမင်းကိုသတိခေါ်ပေးတာ ငါ့မြေးကိုမထိနဲ့ သူ့နောက်မှာငါရှိတယ်ဆိုတာ မှတ်ထား ""

"" ဪ ....လက်စသတ်တော့ မင်းကလည်း ဂိုဏ်းလောကသားပဲကိုး ဒါတွေသာ ပိုင်လေးသိသွားရင် မင်းကိုခွင့်လွှတ်ပါ့မလား ဟားဟား ""

'" ခင်ဗျား ပါးစပ်ကိုပိတ်ထားလိုက် မင်းဝေယံ မင်းရဲ့ စောက်ဆင့်မရှိတဲ့ ပါးစပ်က ငါ့ယောက်ျားနာမည် ထွက်စရာမလိုဘူး ""

"" ဟေး မောင်မင်းဝေယံ မင်းအခုရောက်နေတာ အန်ကယ်တို့ပိုင်နက်ထဲနော် စကားကိုလက်လွတ်စပယ်မပြောနဲ့ အခုချက်ချင်း မင်းကိုနောက်ဘဝကူးပေးလို့ရတယ်ဆိုတာ သိထား ""

"" ဟုတ် ကြောက်ပါတယ်ဗျာ ကြောက်ပါတယ် ""

"" အဘိုး ရှုပ်တယ်ဗျာ ဒီကောင့်ကိုရှင်းလိုက်တော့မယ် ""

"" မင်းတို့က ငါ့ကိုလွယ်လွယ်ရှင်းလို့ရမယ်ထင်နေလား ဟားဟား ငါ့ကိုသတ်မှာမှန်းသိသိကြီးနဲ့ ငါဒီနေရာကိုရောက်လာမယ်ထင်နေလား ""

"" ...........""

"" ဖုန်း screen ကို တစ်ချက်ကြည့်လိုက်ပါဦး ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now