Part 17🔞🔞Uni

24.4K 539 72
                                    

⚠️ရိုင်းစိုင်းသော စကားလုံးများပါနိုင်၍ ကြိုတင်တောင်းပန်ပါသည်။

ဂုဏ်က ခေါက်ဆွဲပြုတ်ကျွေးမယ်ဆိုလို့ နှစ်ယောက်သား မီးဖိုခန်းထဲ ရောက်လာခဲ့ကြသည်။

"" မောင် တကယ်ရော ပြုတ်တတ်လား အရင်ကဆို ကိုကိုချက်ကျွေးတာပဲ စားနေတာကို ""

""ကိုကိုကလည်း မောင်က ကိုကို့ကို စားထားတာလေ ဟဲဟဲ အဲ့တော့ ဒါလေးက မောင့်အတွက် မခက်ပါဘူး ""

"" အရင်ကဆို ရေနွေးနဲ့ပဲ စိမ်စားနေကြလူက ခုတော့ တကယ်ပြုတ်တော့မယ်ပေါ့လေ ""

""ဒါပေါ့ ဒါပေါ့ မောင့်အသည်းလေး အတွက် ""

ဂုဏ်လည်း အရင်နေ့က ကြိုတင်ဝယ်ထားတဲ့ အိတ်ထဲက ခေါက်ဆွဲနှစ်ထုပ်ရယ် ကြက်ဥရယ် ယူလိုက်ပြီး အိုးတည်ထားလိုက်သည်။ ရေနွေး ပွက်တော့ တစ်ဆင့်စီလုပ်ပြီး နောက်ဆုံးတော့ အနံ့မွှေးလွန်းတဲ့ ခေါက်ဆွဲနှစ်ပန်းကန် ကို စားပွဲပေါ် ချပေးလိုက်သည်။

""ဝါးး.... မောင်က တော်လိုက်တာ
ကြည့်လိုက်တာနဲ့ စားချင်စရာလေး""

""မောင် ပြောပါတယ် မောင်က ကိုကို့အတွက်ဆို ဘာမဆို လုပ်ပေးနိုင်တယ်""

""အင်းအင်း ဟုတ်တယ် မောင်က အကောင်းဆုံး ကဲ အရသာ မြည်းကြည့်တော့မယ်""

"" ကိုကိုပူမယ်နော် ဖြည်းဖြည်း ရလား မောင် ခွံ့ကျွေးရမလား""

""အမလေး ရပါတယ် မောင်ရယ် ကိုကို့လက်နှစ်ဖက်လုံး အကောင်းကြီးပါနော်""

""ဟုတ်ပါပြီ ကဲ စားတော့""

လူသူမရှိတဲ့အိမ်ထဲက ထမင်းစားပွဲမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင် ခေါက်ဆွဲပြုတ်စားနေကြတဲ့ အချစ်ငှက်နှစ်ကောင် ရှိနေလေရဲ့။

( Fa တွေကတော့ ကိုယ့်ဘာသာပြုတ်ပြီး တစ်ယောက်တည်းစားကြပေါ့ကွယ်😂 )

ပိုင်သစ်လည်း စားပြီးတော့

""စားလို့ ဝပြီ""

""အင်း ပန်းကန်ထားလိုက် ကိုကို မောင်ဆေးလိုက်မယ်""

""အာ ကိုကိုပဲ ဆေးပါ့မယ်""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now