Part 9🍭Zaw

7.3K 224 15
                                    

~~ကိုကို့ကို ချစ်တဲ့အကြောင်း ဖွင့်ပြောလိုက်ချင်ပေမဲ့ ကိုကိုသာငြင်းလိုက်ရင် မောင်ခံနိုင်ရည် ရှိမယ်မထင်ဘူး ကိုကို~~

<3<3<3<3<3<3<3<3<3<3<3<3<3

မီးဖိုချောင်ထဲမှာ ပိုင်သစ် တစ်ယောက် ဂုဏ် စားရန် ဘာများရှိလဲဆိုပြီး ဟိုရှာ
ဒီရှာ ပတ်ရှာလိုက်တော့ တွေ့ရသည်က များစွာသော အသင့်စား ခေါက်ဆွဲထုပ်နဲ့ ခေါက်ဆွဲဘူးများ ။ ရေခဲသေတ္တာထဲ
ဖွင့်ကြည့်လိုက်တော့လည်း ရေဘူး ၊ ဘီယာဘူး နဲ့ အအေးဘူးကလွဲပြီး ဘာမှမရှိ အော် ကြက်ဥ တစ်ကဒ်ရောရှိသေးတယ် ။ ဂုဏ်လည်း ထမင်းစားဝိုင်းမှာထိုင်ပြီး သူလုပ်သမျှ လိုက်ကြည့်နေတဲ့ ဂုဏ်ဘက်လှည့်ပြီး

""မင်း နေ့တိုင်း ဒီReady made ထုပ်တွေပဲ စားနေတာလား""

""အင်း ဟုတ်တယ်""

""အေး များများစား ရောဂါဖြစ်ပြီး သေနေမယ် တကယ်ပဲ""

""ကိုကိုကလည်း ကျွန်တော်မှ ဘာမှမချက်တတ်တာ ဒါတွေပဲစားရတာပေါ့""

""ကဲပါ ဟုတ်ပြီ ထားလိုက်တော့ အခုနေမကောင်းတော့ ဘာစားမလဲ ဆန်ပြုတ်ပြုတ်ရအောင်လည်း ဆန်လည်းမရှိဘူး ဘယ်တတ်နိုင်မလဲ ဆေးသောက်လို့ဖြစ်အောင် ရှိတာပဲ စားလိုက်တော့""

""ဟုတ် ""
ပါးစပ်က ပေါက်ပေါက်ဖောက်သလို တရစပ်ပြောပြီး ကျွန်တော်စားဖို့ လုပ်ကိုင်ပေးနေတဲ့ ကိုကိုက ကျွန်တော့်ရဲ့ အိမ်ရှင်မလေး အလားပင်........

®®®®®®®®®®®®®®®®®®®®
ပြောတော့သာ ကုမ္ပဏီပိုင်ရှင် CEO ကြီး
တကယ်ပါလေ အိမ်မှာ ဆန်တောင်မရှိဘူး။ အေးပေါ့လေ ဆန်ဝယ်ထားတော့လည်း သူချက်စားတတ်မှာမှ မဟုတ်တာ။ အခုလည်း သူ့ကို ပြောဆိုနေတာကို လူကိုပြုံးပြီးကြည့်နေတာ သူ့သီချင်းဆိုပြတယ်လို့များ ထင်နေလား မသိပါဘူး ။ ရှိတဲ့ခေါက်ဆွဲထုပ်နဲ့ ကြက်ဥလေးကို ပြုတ်ပြီး ပန်းကန်ထဲ
ထည့်ကာ သူ့နားယူသွားလိုက်သည်။

""ရော့ ဒါလေးစားလိုက်ဉီး ပြီးမှ ဆေးသောက်လို့ရမှာ""

""ဟိုလေ ကိုကို...""

""အင်း ပြော""

""အပန်းမကြီးရင် ကျွန်တော့်ကို ခွံ့ကျွေးပါလား လက်မြှောကိဖို့တောင်အားမရှိလို့""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now