Part 24🔥Uni

7.1K 329 45
                                    

ဒီနေ့တော့ အိမ်မှာ အိမ်အကူလာလျှောက်မယ့်သူတွေရှိတာကြောင့် ဂုဏ်ရော ပိုင်သစ်ရော ကုမ္ပဏီမသွားကြသေးပဲ အိမ်မှာ စောင့်နေလိုက်သည် ။
တစ်ယောက်ချင်းစီ သေချာစစ်ဆေးရမှာ ဖြစ်လို့ ကိုနိုင်ဇေကိုပါ ခေါ်ထားလိုက်သည် ။

"" ကိုနိုင်ဇေ အပြင်မှာ ဘယ်နှစ်ယောက်လောက်ရောက်နေပြီလဲ ""

"" များတယ် Boss 10ယောက်ကျော်မယ်ထင်တယ် ""

"" အင်း များသားပဲ အင်တာဗျူးရမှာ ပျင်းစရာကြီး ""

"" များမှာပေါ့ မောင်ရယ် ဒီခေတ်ကြီးမှာ ဘယ်အိမ်ဖော်က လစာ ၅သိန်းရလို့လဲ ""

"" အာ ကိုကိုကလည်း တစ်အိမ်လုံး အလုပ်တွေသိမ်းကျုံးလုပ်ရမှာ အဲ့လောက်တော့ ပေးရမှာပေါ့ ""

"' ပေး မောင့်ပိုက်ဆံထဲကပဲပေး ကိုကို့ပိုက်ဆံ လာမထိနဲ့ ""

"" ဟုတ်ပါပြီ ကပ်စေးကိုကိုလေးရယ်""

"" 😒😒 "" ပိုင်သစ် မျက်စောင်းထိုးပြီး တစ်ချက်သာ ကြည့်လိုက်သည် ။

"" Boss ခဏနေ အင်တာဗျူး စတော့မလား ""

"' အင်း စလိုက်စို့လေ ""

<3<3<3<3<3<3<3<3<3<3<3<3

တိတ်ဆိတ်နေတဲ့ ခြံကြီးထဲမှာ

"" မမလေး ဖြူ မလုပ်ရဲဘူး ""

"" တိတ်စမ်း နင့်အမေ အသက်ဆက်ရှင်ချင်ရင် နင်ငါခိုင်းတာ လုပ်ရမယ် ""

"" ဟို.....ဟို ""

"" ငါပြောမယ် နင့်အမေအခြေအနေလည်း နင်သိတာပဲ မိဖြူရယ် ဆေးနဲ့ အသက်ရှင်နေရတာလေ နှလုံးဆေးဆိုတာ ဒီခေတ်ကြီးမှာ စျေးအရမ်းကြီးတာ""

ဖြူဖြူခင် သူများအိမ်ထောင်ဖြိုခွဲရ
မယ့် အလုပ်ကို တကယ်မလုပ်ချင်ပါ။
အမေ့ကျန်းမာရေးအတွက် မစန္ဒီတို့အိမ်မှာ အိမ်ဖော်အလုပ်လုပ်နေတာ ၃နှစ်လောက်ရှိပြီ ဖြစ်သည် ။ အခု မစန္ဒီက သူများအိမ်ထောင်ရေး ပျက်ပြားအောင်လုပ်ခိုင်းနေသည် ။ မလုပ်ချင်ပေမဲ့လည်း မိခင်ကို နောက်ဆုံးအချိန်ထိ ကျန်းမာနေစေချင်တာ သားသမီးတစ်ယောက်ရဲ့ အတ္တမို့ သူလက်ခံမိလိုက်တော့သည် ။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now