Part 38 ( Final ) 🍯UNI

8.4K 267 66
                                    

မနက်စောစော ဆေးရုံသွားကြပြီးနောက် တစ်ဆက်တည်း ပိုင်သစ်တို့အိမ်သို့ သွားလိုက်ကြသည် ။

ရောက်ခါစကတော့ ယောက္ခမကြီးနှစ်ယောက်လုံး မျက်နှာတည်နှင့် အသံခပ်မာမာ ပြောသည်ကြောင့် နှစ်ယောက်သား လန့်နေမိသည် ။ နောက် ပိုင်သစ်မှာ ကိုယ်ဝန်ရှိနေကြောင်းလည်း ပြောပြီးရော လင်မယားနှစ်ယောက်လုံးဝမ်းသာပြီး တပြုံးပြုံးနဲ့ တစ်ညအိပ်ပြီးမှ ပြန်ရန်ပြောကြသည် ။

"" ဒါဆို သားအခန်းမှာပဲ အိပ်လိုက်ကြနော် အမေရှင်းပြီးသား ""

ပိုင်သစ် ဝမ်းသာလွန်းလို့ ရင်ထဲသိမ့်ခနဲပင် ။ မေမေတို့က သူ့ကိုအမွေပြတ်
စွန့်လွှတ်လိုက်သော်လည်း ယခုအချိန်ထိ မိမိကို စိတ်ထဲရှိနေမှန်းသိလိုက် သည် ။

"" ကျေးဇူးတင်ပါတယ် မေမေ ပြီးတော့ တောင်းပန်ပါတယ် ""

"' မဟုတ်တာ သားရယ် မေမေကသာ တောင်းပန်ရမှာပါ ကိုယ့်သားရဲ့ ဖြစ်တည်မှုကို လက်မခံပဲ အတ္တကိုရှေ့တန်းတင်ခဲ့မိလို့ ""

"" ရပါတယ် မေမေ သားနားလည်ပါတယ် ""

"" တခုလည်း ကောင်းပါတယ်လေ စန္ဒီနဲ့သာ ငါ့သားညားခဲ့ရင် ခုချိန် မုဆိုးဖို ဖြစ်နေရောပေါ့ ""

'' ဗျာ ဘာလို့လဲ မေမေ ""

"" အော် သားမသိသေးဘူးလား ""

'" ဘာကိုလဲ မေမေ ""

"" မနေ့ညက စန္ဒီတစ်ယောက် မူးယစ်ဆေး အလွန်အကျွံသုံးစွဲရင်း သေသွားတယ်တဲ့ ဒီခေတ်မိန်းကလေးတွေလည်း မလွယ်ပါဘူးကွယ် လွတ်လပ်မှုကို အလွဲသုံးစားလုပ်ကုန်ကြပြီ ""

'' အာ သားမသိဘူး မေမေ ခုမှသိတာ '"

"" အေးပါ သားတို့ ရေသွားချိုးတော့လေ ခနနေဆင်းခဲ့ အမေ ထမင်းပွဲပြင်ထားမယ် ""

"" ဟုတ် မေမေ သားသွားလိုက်ဦးမယ်
ဖေဖေ သွားပြီနော် ""

"" အေးအေး ""

သားနဲ့သားမက် သူတို့ရှေ့ကထွက်သွားပြီးမှ

"" ကဲ ဖေကြီး ဘာလို့စကားတစ်ခွန်းမှ မပြောပဲ ထိုင်နေရတာတုန်း ""

"" ဟ မျက်နှာပူလို့ပေါ့ကွ ""

'" အို ဘာကိုတုန်းတော် ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now