Ch 37

343 18 0
                                    

Unicode

"အဟွတ် အဟွတ်"

ဇွဲတစ်ယောက်မနက်စောစောမှာပဲ ‌လည်ချောင်းတွေခြောက်လို့ချောင်းတွေတဟွတ်ဟွတ်ဆိုးကာနိုးထလာခဲ့သည်။

"ဇွဲ ရေနည်းနည်းသောက်လိုက်မလား"

ဇွဲကအိပ်ယာကနေမထဘဲရေခွက်ကိုလှမ်းစမ်းနေတော့ ရတုကပဲအိပ်ယာကထကာရေခွက်ကိုယူပေးရင်း ဇွဲကိုပါဆွဲထူကာရေသောက်စေသည်။

"အဖျားရှိနေတာလား။ကိုယ်စမ်းကြည့်ဦးမယ်"

ဇွဲရေသောက်ပြီးတော့ ရတုကသူ့ရင်ဘတ်မှာဇွဲကိုမှီစေကာ နဖူးကိုသူ့လက်ဝါးနှင့်စမ်းလာသည်။

"အဖျားမရှိပါဘူး။အာနည်းနည်းခြောက်နေရုံပဲ"

ဇွဲက ရတုရင်ခွင်ထဲအသာပြန်မှိန်းနေရင်းနဲ့ ပြောလိုက်သည်။

"တော်သေးတာပေါ့။နည်းနည်းအေးနေလား"

အပြင်ဘက်မှာမိုးဖွဲဖွဲလေးရွာနေတာကြောင့် ရာသီဥတုကနည်းနည်းအေးစိမ့်စိမ့်လေးဖြစ်နေသည်။ရတု ဇွဲကိုစောင်တိုးခြုံကာပွေ့ဖက်ထားလိုက်တော့ ရင်ခွင်ထဲကြောင်ပေါက်လေးလို ပိုတိုးဝှေ့လာသည်။

"ဒီနေ့ကျောင်းမသွားနဲ့တော့။ခနနေရင် ကိုယ်စားဖို့တစ်ခုခုပြင်လိုက်မယ်။ပြီးရင်ဆေးသောက်ကြ‌ရအောင်။ဒါနဲ့ ဆေးကောရှိသေးရဲ့လား"

"မရှိဘူး"

"ကိုယ်ခနနေရင် အပြင်ထွက်ပြီးသွားဝယ်လိုက်မယ်"

"အင်း။ခေါင်းကိုက်တယ်။ခေါင်းကိုနှိပ်ပေး"

ဇွဲက ရတုရဲ့လက်တွေကိုသူ့ခေါင်းပေါ်တင်ရင်းပြောတော့ ရတုအထွန့်မတက်ဘဲဖြေးဖြေးချင်းနှိပ်ပေးလိုက်သည်။ဇွဲကခနလောက်ဇိမ်ခံနေပြီးတော့ လှုပ်လှုပ်ရွရွပြန်ဖြစ်လာသည်။ရတုအောက်ကိုငုံ့ကြည့်လိုက်တော့ ဇွဲကရတုရင်ဘတ်ကအင်္ကျီကြယ်သီးတွေကို ဖွင့်နေတာပင်ဖြစ်သည်။

"ဇွဲ ဘာလို့ကိုယ့်ရင်ဘတ်ကိုဖွင့်နေရတာလဲ"

ရတုကထိုကောင်လေးရဲ့ဆံပင်ကိုဆွဲဖွကာမေးလိုက်ပေမဲ့ ထိုကောင်လေးကတော့အင်္ကျီဟသွားတဲ့ရတုရင်ဘတ်ကိုကုန်းကာကိုက်တော့သည်။

My Star(Complete)Where stories live. Discover now