Ch 34

320 16 0
                                    

တီ တီ တီ တီ

ဆူညံစွာမြည်လာတဲ့နှိုးစက်သံကြောင့် ဇွဲရုတ်တရက်လန့်ပြီးနိုးလာခဲ့သည်။မျက်လုံးဖွင့်လိုက်တော့ ပြတင်းပေါက်ကအလင်းရောင်တွေကမျက်လုံးပေါ်စူးရှစွာကျရောက်လာကြသည်။

"မိုးတောင်လင်းသွားပြီလား"

ဇွဲဖုန်းထဲကနှိုးစက်ပေးထားတာကိုပိတ်ပစ်လိုက်ပြီး ရေရွတ်လိုက်သည်။ဇွဲညတုန်းကHarry Potterကြည့်ရင်း မနက်၄နာရီလောက်မှအိပ်ပျော်သွားခဲ့တာဖြစ်သည်။ကြည့်‌နေခဲ့တာက Harry Poter ပေမဲ့ တညလုံးနီးပါးငိုနေခဲ့တာကတော့ခြွင်းချက်ဖြစ်သည်။ဒါပေမဲ့ ဒီနေ့က ဒုတိယနှစ်ဝက်စတက်ရတဲ့နေ့‌ပေမို့ ကျောင်းတော့သွားရမည်ဖြစ်သည်။

ဇွဲအိပ်ယာပေါ်မှာခနလောက်ငေးငေးငိုင်ငိုင်ထိုင်နေပြီးကာမှ ကျောင်းသွားဖို့စပြင်ဆင်လိုက်သည်။ဇွဲမနေ့ကဝယ်လာတဲ့uniformအသစ်ကိုဝတ်လိုက်ပြီးတော့ မှန်ရှေ့ရပ်ကာကိုယ့်ရုပ်ကိုယ်ပြန်ကြည့်လိုက်သည်။ဖြူဖွေးတဲ့အသားအရေမှာ နီရဲကာဖောင်းအစ်နေတဲ့မျက်လုံးတွေ။ဘယ်သူမဆိုမြင်လိုက်တာနဲ့ ငိုထားမှန်းသိသာနေမှာသေချာသည်။

ဇွဲသက်ပြင်းဖွဖွချရင်း အိမ်ရဲ့ဘီဒိုထောင့်ကြားမှာကပ်ထားတဲ့ ကျောက်ပျဉ်နှင့်သနပ်ခါးတုံးကိုသွားထုတ်ရတော့သည်။ကို့ကို့အိမ်မှာဘယ်သူမှသနပ်ခါးမလိမ်းဘူးဆိုပေမဲ့ တခါတလေကိုကို့အမေကြီးကြီးလာရင်လိမ်းတတ်တာကြောင့် ထောင့်နားထောင်ထားတတ်တာကကံကောင်းသွားသည်။မဟုတ်ရင် ဒီနေ့ဇွဲအခန်းထဲကအပြင်ကိုထွက်ဖြစ်မှာမဟုတ်ဘူး။

မျက်နှာပေါ်မှာသနပ်ခါးပါးပါးလေးလိမ်းပြီး မျက်မှန်လေးတပ်လိုက်တော့မို့အစ်နေတဲ့မျက်လုံးတွေက သေချာမကြည့်ရင်သိပ်မသိသာတော့ဘူး။ဇွဲမနေ့ကအသစ်ဝယ်လာတဲ့လွယ်အိတ်ထဲမှာပဲ ဗလာစာအုပ်တွေကိုထည့်ရင်း အတန်းထဲကသူငယ်ချင်းနိုင်ကြီးကိုဖုန်းဆက်ခေါ်လိုက်သည်။

"အေး ဟေ့ကောင် သားကြီး ပြော"

နိုင်ကြီးသည် ရှေ့တစ်လမ်းကျော်မှာနေပြီး Ferryနှင့်အမြဲကျောင်းလာတတ်သောသူငယ်ချင်းဖြစ်သည်။

My Star(Complete)Where stories live. Discover now