Ch 1

2.4K 81 0
                                    

တိတ်ဆိတ်ငြိမ်သက်နေတဲ့ညရဲ့ လမ်းမထက်မှာ နာကျင်နေတဲ့ နှလုံးသားတစ်ခုကိုလျစ်လျူရှုရင်း လေးလံတဲ့ခြေလှမ်းတွေနှင့် လမ်းလျှောက်နေခဲ့သည်။

အသိစိတ်လွတ်နေတဲ့လူတစ်ယောက်လို အသက်မပါတဲ့မျက်နှာနှင့် အချိန်အတော်ကြာလမ်းလျှောက်နေခဲ့တော့ ဖိနပ်မစီးထားတဲ့ခြေဖဝါးက နာကျင်နေတာတောင် သတိမရမိတော့။

ကျွန်တော်တစ်ချိန်က အချစ်ကိုပျက်ရယ်ပြုခဲ့ဖူးသည်။ခုတော့ အချစ်ကြောင့်ပဲ ကျွန်တော်နာကျင်နေရခဲ့ပြီ။

ကျွန်တော်ငယ်ငယ်ထဲက ကျန်းမာရေးချို့တဲ့တာကြောင့် ကျွန်တော်နှင့်ပတ်သက်တဲ့လူတွေအားလုံးက အလိုလိုက်ကြတဲ့အပေါ် အခွင့်ထူးခံလူတန်းစားတစ်ယောက်လို နေခဲ့မိသည်။

ငယ်ငယ်ထဲက ကျွန်တော့်ရဲ့ပျော်ရွှင်မှုကအကန့်အသတ်နှင့်မို့ တခြားသူတွေထက် ပျော်ရွှင်မှုကိုပိုခုံမင်သည်။အရာအားလုံးထက် ကိုယ်တိုင်ပျော်ရွှင်ဖို့ကိုပဲ ဂရုစိုက်တတ်သည်။

ကျွန်တော့်ရဲ့ပေါ့ပျက်ပျက်အတွေးတွေ၊ ဘာကိုမှမစဉ်းစားဘဲလုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် ခုတော့ ကျွန်တော်ကိုယ်တိုင်ခံစားနေရပြီ။

တခြားသူတွေရဲ့ခံစားချက်။ကျွန်တော်တစ်ကိုယ်ကောင်းဆန်စွာပဲ တစ်ခါမှမတွေးမိခဲ့ဘူး။ကျွန်တော်ကပျော်ရွှင်မှုကိုရှာနေတာမို့ ကျွန်တော်ပျော်ရင် တခြားသူတွေလည်းပျော်လိမ့်မယ်လို့ပဲ ထင်ထားခဲ့တာ။

ကျွန်တော့်ကြောင့် လူတွေနာကျင်တာတောင်မသိတဲ့ကျွန်တော်က တခြားသူတွေဆီက အချစ်ကိုရယူဖို့တောင် ထိုက်တန်ရဲ့လား မသိတော့ဘူး။

ကျွန်တော်ဘဝကို တော်တော်ပေါ့ပေါ့လေးတွေးပြီး နေခဲ့မိတာပဲ၊အရူးတစ်ယောက်လိုမျိုး။

နောက်မှ ကျွန်တော်သိလိုက်ရတာက...

ကျွန်တော့်သူငယ်ချင်းက ကျွန်တော်တို့ရဲ့၁၀နှစ်ကျော်သံယောဇဉ်ကိုချိုးဖျက်ပြီး ကျွန်တော့်ကိုချစ်ခဲ့ပါသတဲ့။

ငယ်ငယ်ထဲကအစ်ကိုလိုခင်လာခဲ့တဲ့သူကလည်း သူချစ်တဲ့သူက ကျွန်တော့်‌ကြောင့် နာကျင်ရတာမို့ သူလည်းနာကျင်ရပါတယ်တဲ့။

ကျွန်တော်က သူတို့နှစ်ယောက်ကြားမှာ အနှောင့်အယှက်တစ်ခုအဖြစ် အချိန်အတော်ကြာရှိနေခဲ့တယ်တဲ့လေ။

***********************************************

My Star(Complete)Where stories live. Discover now