Ch 2

2K 55 0
                                    

Unicode

မြန်မာနိုင်ငံရဲ့ ရာသီဥတုအရ ဆောင်းရာသီဖြစ်တဲ့ ဒီဇင်ဘာလဟာ ချမ်းအေးခြင်းကိုဖော်ဆောင်ပေမဲ့ ရန်ကုန်နေကတော့ သဘာဝကိုအံတုကာ ပူပြင်းဆဲဖြစ်သည်။ လူဦးရေထူထပ်တဲ့မြို့ဖြစ်တာနဲ့အညီ လမ်းတစ်လျှောက် လူမျိုးစုံတို့က ပူပြင်းမှုကိုအံတုကာ သွားလာလှုပ်ရှားလျက်ရှိကြသည်။

ရတုဆက်သာ ကျောင်းမှာဒီနေ့ Project အတွက် ဆရာမတွေနှင့် တိုင်ပင်စရာရှိတာကြောင့် စောစောထွက်လာခဲ့ပါတယ်ဆိုမှ အိမ်ကထွက်ထွက်ချင်းပဲကားပျက်တာမို့ YBSသာစီးလာခဲ့လိုက်ရသည်။ နောက်ကျနေပြီမို့ အစကတော့တက္ကစီစီးမယ် ပြင်လိုက်ပေမဲ့ လူငယ်ဆိုပြီးရိုက်စားလုပ်ချင်တဲ့ တက္ကစီသမားကြောင့် မစီးဖြစ်ခဲ့။

အချိန်ကနေ့လယ်မို့ YBSပေါ်စီးသူသိပ်မရှိ။ရှိတဲ့သူတွေက ဟိုတစ်စ၊ဒီတစ်စ ထိုင်နေကြတာမို့ ညာဘက်တန်းကတစ်ခုံချင်းစီထိုင်ရတဲ့ ဒုတိယမြောက်ခုံမှာ ဝင်ထိုင်လိုက်သည်။သန်လျင်ရောက်ဖို့ကအတော်ကြာဦးမှာမို့ နားကြပ်နှစ်ဖက်ကိုနားတွင်တပ်ထားရင် ဇွဲကြိုက်တဲ့Maryသီချင်းတွေကို ဖွင့်ထားလိုက်သည်။

မင်္ဂလာဈေးရှေ့ရောက်တော့ ကားပေါ်လူတော်တော်များများ တက်ကြ၊ဆင်းကြသည်။ကားပေါ်တက်လာထဲက မျက်စိမှိတ်ပြီးသီချင်းနားထောင်လာတဲ့ရတုက မှတ်တိုင်ကနေကားစထွက်တော့ နားထဲအလောတကြီးခေါ်သံတစ်ခုကြားလိုက်တာကြောင့် ခါးကဆတ်ခနဲမတ်သွားမိသည်။

"ကျွန်တော့်ကို စောင့်ပါဦး"

ထပ်ကြားရပြန်တာကြောင့် ပြတင်းပေါက်ကနေ နောက်ဖက်လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ကားနောက်ကိုပြေးလိုက်နေသည်။ပုံမှန်ဆို ဂရုစိုက်မှာမဟုတ်တဲ့ရတုက ဒီတစ်ကြိမ်မှာတော့ ကိုယ်တိုင်အလောတကြီးထရပ်ပြီး ကားရပ်ခိုင်းလိုက်သည်။

"ကားဆရာ ခဏ‌ရပ်ပါဦး နောက်မှာတစ်ယောက် ပြေးလာနေတယ်"

ရတုရဲ့အလောတကြီး ဆော်ဩသံကြားတော့ ကားကရပ်တန့်လိုက်သည်။နောက်ကပြေးလိုက်လာတဲ့ကောင်လေးက ကားတံခါးဝရောက်တော့မတက်‌သေးပဲ လက်နှစ်ဖက်ကဒူးကိုထောက်ထားပြီး အမောဖြေနေသည်။

My Star(Complete)Where stories live. Discover now