Ch 32

310 18 1
                                    

ရတုကားမောင်းနေရင်းကနေ သူ့ဘေးကခုံမှာထိုင်ကာလက်ပိုက်ပြီးမှေးနေတဲ့ဒီပါကိုစောင်းကြည့်လိုက်သည်။မတွေ့ရတဲ့ဒီအတောအတွင်း အများကြီးပြောင်းလဲလာသည်။ရုပ်ပိုင်းဆိုင်ရာကော၊ပြီးတော့ စိတ်ပိုင်းဆိုင်ရာကော။ရတုပဲအမှတ်သည်းချေကြီးတာလား၊ဒီပါကပဲမေ့လွယ်တာလား၊ဒါမှမဟုတ် သိရဲ့သားနဲ့လျစ်လျူရှုထားတာလားမသိပေမဲ့ ရတုထင်တာကလွန်ခဲ့တဲ့၁၀နှစ်လောက်ကအခြေအနေအရဆို ရတုတို့နှစ်ယောက်ကိုအခုလိုကားအတူမစီးသင့်ဘူးဆိုတာပင်ဖြစ်သည်။

ရတုကလေးဘဝရဲ့အိပ်မက်ဆိုးတွေထဲ ဒီပါကအရေးကြီးတဲ့တစ်စိတ်တစ်ဒေသကပါဝင်ခဲ့တယ်လို့ပဲဆိုရမလား။ဒီပါနဲ့ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့အမှတ်တရဆိုတာလုံးဝမရှိခဲ့ပေ။

တကယ်တော့ ဒီပါကရတုအမေဘက်ကဦးလေးရဲ့သားဖြစ်သည်။အမေ့ဆွေမျိုး‌တွေအကုန်လုံးက ရတုမွေးပြီးအမေဆုံးတော့ ရတုတို့သားအဖကိုအရမ်းမုန်းကာအဆက်အသွယ်ဖြတ်ခဲ့ကြသည်။ဒါပေမဲ့ ရတုကျောင်းတက်တော့ ဒီပါနဲ့အသက်တူတာကြောင့် အတန်းတူ၊အခန်းတူကျကြတော့ မိဘတွေရဲ့အမုန်းကသားဆီလည်းပါလာတယ်ထင်ပါ့။ရတုမှတ်မိသလောက်ဒီပါကရတုကိုတော်တော်အနိုင်ကျင့်ခဲ့သည်။

"ဘာလို့ငါ့ကိုအဲလောက်တောင်ကြည့်နေရတာလဲ။အရမ်းချောလို့လား"

ရတု ဒီပါကိုတစ်ချက်တစ်ချက်လှည့်ကြည့်နေတော့ ဒီပါကမနေနိုင်စွာဖွင့်မေးလာသည်။

"မင်းမှတ်မိလား။ငါ့ကိုဘောလုံးကွင်းအလယ်မှာမတ်တပ်ရပ်ခိုင်းပြီး မင်းတို့တွေ‌ငါ့ခြေထောက်ကိုဘောလုံးပိတ်ကန်ခဲ့တာကို"

ရတုပြောတဲ့မင်းတို့တွေဆိုတာက ဒီပါနှင့်သူ့သူငယ်ချင်းတွေကိုဆိုလိုမှန်းမပြောလည်း နှစ်ယောက်လုံးသိကြသည်။

"အင်း။မှတ်မိတယ်"

ဒီပါကကားပြတင်းပေါက်အပြင်ကလမ်းတွေကိုကြည့်ရင်း ပြန်ဖြေသည်။

"အဲနေ့က ငါအိမ်ရောက်တော့ခြေထောက်တွေရောင်ပြီး ဖျားခဲ့တာကောသိလား"

"အင်း။မနက်ကျမင်းမာမီကျောင်းကိုရောက်လာပြီးဆရာမကိုတိုင်သွားလို့ ငါတို့တစ်ခန်းလုံးအရိုက်ခံလိုက်ရသေးတယ်"

My Star(Complete)Where stories live. Discover now