Ch 16

441 19 3
                                    

Unicode

သူရိန်တစ်ယောက် ထုံကျင်ကိုက်ခဲနေတဲ့လက်မောင်းတွေကြောင့် အိပ်ရာကနိုးလာကာ မျက်လုံးဖွင့်ကြည့်မိတော့ ခေါင်းကမိုက်ခနဲတစ်ချက်ဖြစ်သွားသည်။သတိပြန်ဝင်လာလာချင်း ထုံကျင်နေတဲ့လက်မောင်းကိုကြည့်လိုက်တော့ ကြီးမားပြီးလေးလံတဲ့အရာတစ်ခု။

သေချာပြောရရင် လူသားကောင်လေးတစ်ယောက်။အမဲရောင်ဆံပင်နှင့်ခေါင်းလုံးလုံးလေး။သူရိန် ရင်ခွင်ထဲရောက်နေတဲ့အနှီလူသားကို တွန်းဖယ်ခြင်းမပြုဘဲစိုက်ကြည့်နေမိသည်။

"အင်း"

ရုတ်တရက် ထိုလူသားလေးကသူရိန်ရင်ခွင်ထဲကထွက်ကာ တခြားတစ်ဖက်သို့လှည့်သွားတော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် သူရိန်ခေါင်းနပန်းကြီးသွားမိရသည်။

"WTF!ကိုနေကြီး Shit!Double Shit!"

သူရိန်စိတ်ထဲ အလုံးလိုက်အခဲလိုက်ကျိန်ဆဲမိကာ ခေါင်းကျွတ်ကျွတ်လွတ်လွတ် လွတ်သွားတဲ့လက်မောင်းကြောင့် ကုတင်ပေါ်ကအသံမထွက်အောင်အမြန်လိမ့်ဆင်းမိသည်။

သူရိန်အခုမှ ကိုယ့်ကိုယ်ကိုသေချာကြည့်မိတော့ အပေါ်ပိုင်းအင်္ကျီမရှိ။ထိုနည်းတူ ကုတင်ပေါ်စောင်ပါးလေးကိုကိုယ်တစ်ပိုင်းခြုံကာ အိပ်နေတဲ့နေရောင်သွေးမှာလည်း အပေါ်ပိုင်းဗလာ။

အဲဒါထက်ပိုဆိုးတာက အင်္ကျီမဝတ်ထားတဲ့နေရောင်သွေးတစ်ကိုယ်လုံးမှာ အနီရောင်အကွက်အကွက်ပေါင်းများစွာ။သူရိန်တော့ မြွေကိုက်ပြီထင်ပါရဲ့။

သူရိန်မနေ့ညကအကြောင်းကိုပြန်စဉ်းစားကြည့်မိတော့ Major Welcomeပြီးတော့ ဒီနှစ်ရဲ့King,Queenရသွားတဲ့ကလေးတွေ၊နောက်ပီး ပွဲစီစဉ်တဲ့စီနီယာတွေနှင့်အတူမြို့ထဲမှာသွားသောက်ကြတယ်။သွားသောက်ကြတော့ သူရိန်နေ့လည်တုန်းက အသားကုန်Roပြပြီး နာမည်ကြီးသွားတဲ့အတွဲကို မကျေနပ်တာကြောင့် alcoholတွေအများကြီးသောက်မိသွားတယ်။

ပြီးတော့ ပြန်လာတော့အဆောင်ကစီနီယာတွေကပဲ ရတုကိုအခန်းထိရောက်အောင်လိုက်ပို့ကြတယ်။အခန်းထဲရောက်တော့ နေရောင်သွေးကသူရိန့်ကိုတွဲပြီး ကုတင်ပေါ်တင်ပေးတယ်။ဖိနပ်တွေချွတ်ပေးတယ်။အင်္ကျီတွေလဲပေးတယ်။နောက်တော့ သူရိန်ကနေရောင်သွေးကိုဇွဲအထင်နှင့်အတင်းဆွဲနမ်းခဲ့တယ်။

My Star(Complete)Where stories live. Discover now