Ch 22

486 33 20
                                    

Unicode

ရတုဂျပန်ရောက်တာ ၄ရက်ရှိနေပြီ။ချစ်ရတဲ့ဇွဲဆီက အခုထိဆက်သွယ်မလာခဲ့သေး။ရတုမှာသာ ဘယ်နေရာရောက်ရောက်တငေးငေး၊တငိုင်ငိုင်ဖြစ်နေ၍ သူငယ်ချင်းတွေကတောင်နေမကောင်းဘူးလားဟု မေးနေကြလေပြီ။၄ရက် အင်း ၄ရက်ပဲရှိသေးပေမဲ့ ရတုအတွက်တော့၄နှစ်လောက်ကြာသလို ခံစားရသည်။

ဒါပေမဲ့ ဇွဲတောင်းဆိုချက်အတိုင်းရတု ဓါတ်ပုံတွေ‌တော့မရိုက်နိုင်သေး။ဘာလို့ဆို ပထမနေ့ထဲက ရတုတို့အဖွဲ့IT Majorနှင့်ပတ်သက်တဲ့ ဟောပြောပွဲတွေတက်ရသည်။ဂျပန်နိုင်ငံကအကြီးအကဲတွေနှင့်လည်းတွေ့ဆုံရပြီး ဂျပန်နိုင်ငံကနာမည်ကြီးIT Companyတစ်ခုမှာလည်း လက်တွေ့သွားလေ့လာရသေးသည်။

အဖွဲ့ခေါင်းဆောင်တွေပြောတာတော့ မပြန်ခင်၃၊၄ရက်အလိုမှ ဂျပန်နိုင်ငံအနှံ့နေရာစုံအောင် လိုက်ပြမယ်တဲ့လေ။ရတုစိတ်အခြေအနေမကောင်းလို့ဘဲလားတော့မသိ။ဂျပန်ရောက်ထဲကလူကစိတ်နှင့်ကိုယ်နဲ့ မကပ်တဲ့အပြင် ကံဆိုးတာတွေကလည်းတစ်ခုပြီးတစ်ခုဖြစ်လာတာကြောင့် ကိုယ့်ကိုယ်ကိုတစ်ခုခုဖြစ်နေပြီလားတောင် သံသယဝင်မိသည်။

ပထမဆုံး ဂျပန်နိုင်ငံရောက်ရောက်ချင်းပဲ ‌လေဆိပ်ကအထွက် ကားစီးကြတော့မတော်တဆဖုန်းကကျကွဲသွားပြီး ပြန်မပွင့်တော့။ဒါကြောင့် ဇွဲဆီကဆက်သွယ်လာမှာကိုလည်း Computerထဲကနေမှ Facebookထဲခနခနဝင်ပြီး ကြည့်ရတာအမော။နောက် နေရမဲ့နေရာရောက်တော့ အဝတ်ထည့်တဲ့အိတ်ကအစွန်းတစ်ခုခုနဲ့ငြိမိပြီး ပြဲသွားပြန်သည်။ဒါတင်မကသေး ရတုဆီမှာပါလာတဲ့တစ်ခုတည်းသော ကြိုးသိုင်းဖိနပ်တစ်ရံကလည်း ဗြုန်းခနဲပြတ်ကျသွားသေးသည်။

ပြီးတော့ မြေအောက်ရထားစီးကြပြန်တော့လည်း ပိုက်ဆံအိတ်ပျောက်လိုပျောက်နဲ့။ဂျပန်ခရီးစဉ်တစ်လျှောက် ရတုတို့ကတော့ချာချာလည်အောင်ကိုဂျွမ်းပြန်နေသည်။

"ဟေ့ကောင် ရတု။ဘာတွေစဉ်းစားနေတာလဲ။မြန်မြန်လုပ်။အပြင်အတူ ထွက်ကြရအောင်"

အဖွဲ့ခေါင်းဆောင်စီနီယာက သန့်စင်ခန်းထဲဘေစင်ရှေ့လက်ဆေးနေတဲ့ရတုကို ငေးငိုင်နေတာမြင်ပြန်တာကြောင့် ပုခုံးကိုပုတ်ပြီးသတိပေးလာသည်။

My Star(Complete)Where stories live. Discover now