Ch 20

507 23 9
                                    

Unicode

"ဟယ်လို မေနှင်း။နင်အခုဘယ်မှာလဲ။အားရင်အပြင်ထွက်ပြီးတစ်ခုခုသွားစားရအောင်"

"ဪ ဟိုဟာလေ ယွန်း။ဒီနေ့ငါမအားဘူးဟ။အမေနှင့်အမျိုးတစ်ယောက်အိမ်ရောက်နေလို့"

ယွန်း လမ်းတစ်ဖက်မှာတခြားသူငယ်ချင်းတွေနှင့်အတူ လျှောက်သွားနေတဲ့သူမသူငယ်ချင်းမကိုကြည့်ပြီး ခပ်မဲ့မဲ့လေးသာပြုံးလိုက်မိသည်။

သူတို့တွေယွန်းကိုရှောင်နေခဲ့ကြတာ ဒီနေ့နှင့်ဆိုတစ်ပတ်လောက်ရှိတော့ရောပေါ့။ယွန်းဖုန်းဆက်ခေါ်တိုင်း ဟိုအကြောင်းပြ၊ဒီအကြောင်းပြပြီး အမျိုးမျိုးလှည့်ပတ်ရှောင်နေတတ်ကြတာ။

ဒါပေမဲ့ ယွန်းသူတို့တွေကိုစိတ်မနာနိုင်ပါဘူး။သူတို့ဆီမှာအပေါင်းအသင်းတွေအများကြီးရှိကြပေမဲ့ လူမှုဆက်ဆံရေးညံ့တဲ့ယွန်းမှာတော့ ဒီသူငယ်ချင်းတွေပဲရှိတာလေ။

သူတို့ခံစားချက်ကိုသူမနားလည်ပါတယ်။ယွန်းကိုယ်တိုင်ကအဲအချိန်တုန်းက ရတုရဲ့အကွက်လှလှလေးတွေကြား လုံးလုံးလျားလျားကိုပျော်ဝင်နေခဲ့တာမလား။ထွက်လာသမျှသတင်းအားလုံးကို လုံးဝမငြင်းဘဲ အပြုံးလေးနှင့်ဘဲဟုတ်မှန်ကြောင်း သွယ်ဝိုက်ပြီးထောက်ခံနေခဲ့တာလေ။

သူတို့တွေလည်း ယွန်းဆီကသစ္စာဖောက်ခံရသလို ခံစားမိကြမှာပဲ။ဒါပေမဲ့လေ တစ်ကျောင်းလုံးကသူမကိုကဲ့ရဲ့ကြတယ်ဆိုရင်တောင် သူမသူငယ်ချင်းတွေမပါဘူးထင်ခဲ့မိတာ။တက်လာခဲ့တဲ့ကျောင်း၃နှစ်တာဆိုတဲ့အချိန်တွေက နည်းနည်းလေးပေမဲ့ အတူပျော်ခဲ့ကြတယ်။အတူငိုခဲ့ကြတယ်။အတူပေါခဲ့ကြတယ်။

ယွန်း သူတို့အားလုံးကိုတစ်ချိန်ကမောင်နှမတွေလို သံယောဇဉ်ထားခဲ့ဖူးတယ်။အမြဲတမ်း တစိတ်တစ်ဝမ်းတည်းရှိနေကြမယ် ထင်ခဲ့ဖူးတယ်။ဒါပေမဲ့ အခုကြည့်ရတာ သူမထင်ခဲ့သလိုမဟုတ်ဘူးထင်ပါတယ်။

"အင်းပါ။မအားဘူးဆိုလည်းမအားဘူးပေါ့။ငါမနက်ဖြန်စင်္ကာပူသွားတော့မှာမလို့ ဒီနေ့နင်တို့တွေနှင့်တွေ့ပြီး စကားတွေအများကြီးပြောချင်ခဲ့တာ။ငါ ခင်လေးကိုလည်းဖုန်းဆက်ပြီးပြီ။သူလည်းမအားဘူးတဲ့"

My Star(Complete)Where stories live. Discover now