Ch 35

363 19 0
                                    

Unicode

ဇွဲအိမ်ရောက်တော့ လွယ်အိတ်ကိုဆိုဖာပေါ်ဘုန်းခနဲပစ်ချကာ လူတစ်ကိုယ်လုံးကိုပါဆိုဖာပေါ်ပစ်တင်လိုက်သည်။ထို့နောက် လွယ်အိတ်ထဲကဖုန်းကိုထုတ်ကာ အစ်ကို့ဆီခေါ်ရမလားဟုစဉ်းစားမိပေမဲ့ နောက်ဆုံးတော့ဖုန်းကိုပိတ်ပစ်လိုက်ခြင်းဖြင့်သာအဆုံးသတ်သွားသည်။ဖုန်းဆက်ပြီးတော့ကော သူတို့မှာဘာတွေများပြောစရာရှိမှာတဲ့လဲ။ပြီးတော့ ဇွဲဖက်ကပဲလမ်းစခွဲထားခဲ့ပြီး ဘာအကြောင်းမှမရှိဘဲ အခုလိုဖုန်းသွားခေါ်ရင် ဘယ်လောက်တောင်မှသိက္ခာကျလိုက်လိမ့်မလဲ။

ဇွဲခေါင်းခြောက်အောင်စဉ်းစားနေတုန်း မီးဖိုချောင်ကအစ်မဖြစ်သူက လှမ်းအော်လာသည်။

"ဇွဲ ငါspicyလုပ်စားမလို့။နင်ရောစားဦးမလား။စားမယ်ဆိုနှစ်ထုပ်ပြုတ်လိုက်မယ်"

"မပြုတ်နဲ့။ငါမစားတော့ဘူး"

ဇွဲပြန်ဖြေကာ မီးဖိုချောင်ထဲဝင်လာပြီး စားပွဲဝိုင်းမှာဝင်ထိုင်လိုက်သည်။

"မမ နင့်ကိုငါပြောစရာတစ်ခုရှိတယ်"

"ပြောလေ"

သူမကခေါက်ဆွဲခြောက်ကိုပြုတ်နေရင်း ပြန်‌ဖြေလာသည်။

"အာ အဲဒါကလေ ဟို"

ဇွဲ အစ်ကို့အကြောင်းပြောချင်နေပေမဲ့ ဘယ်လိုပြောရမလဲဆိုတာကိုမသိဘူးဖြစ်နေသည်။

"ဘာလဲ"

ဇွဲက စကားကိုအထစ်အထစ်လုပ်နေတော့ စိတ်မရှည်တော့တဲ့သူမက ဇွဲကိုအလိုမကျစွာမျက်မှောင်ကျုံ့ကြည့်လာသည်။

"အိုကေ ငါပြောပြမယ်။ဒါပေမဲ့ ငါပြောလိုက်လို့ရှိရင် နင်ငါ့ကိုမလှောင်ရဘူး။မရယ်ရဘူး။မစရဘူး။ပြီးတော့ ငါတကယ်အတည်ပြောမှာ။နင်လည်းအတည်နားထောင်"

"Okay"

ဇွဲ သူမခေါက်ဆွဲဖတ်တွေကို ဆေးပြီးစားပွဲပေါ်ယူလာတဲ့အထိစောင့်နေလိုက်သည်။ပြီးတော့ သူမစားပွဲဝိုင်းမှာဝင်ထိုင်တော့မှ ဇွဲကိုယ်ပြောချင်တဲ့အကြောင်းကို မရဲတရဲနဲ့ပြောပြလိုက်သည်။

"တကယ်လို့လေ တကယ်လို့များငါကဂေးနေရင် နင်ဘယ်လိုထင်မလဲ။ငါ ငါတကယ်ဂေးနေတာမဟုတ်ဘူးနော်။ဒီအတိုင်းမေးကြည့်တာ"

My Star(Complete)Where stories live. Discover now