Ch 33

328 17 0
                                    

Unicode

"ငါတို့နှစ်ယောက်က ဝမ်းကွဲညီအစ်ကိုတွေ"

ဒီပါကဖြေလိုက်တော့ ဇွဲတို့မောင်နှမနှစ်ယောက်လုံးကျောက်ရုပ်လို ခနတာရပ်တန့်သွားကြသည်။ကမ္ဘာကြီးကအရမ်းကျဉ်းလွန်းနေတာမဟုတ်ဘူးလားလို့တောင် နှစ်ယောက်လုံးပြိုင်တူစဉ်းစားလိုက်မိကြသေးသည်။အစ်မဖြစ်သူကအစ်ကိုဖြစ်သူနဲ့ကြိုက်ကြပြီး မောင်ဖြစ်သူကညီဖြစ်သူနဲ့ရည်းစားဖြစ်သည်။ဒါဘယ်လိုတောင်တိုက်ဆိုင်ချက်ကြီးလဲ။

"သေချာကြည့်ကြည့်တော့လည်း နင်တို့နှစ်ယောက်ကရုပ်ဆင်ကြသားပဲ။ဒါနဲ့ ငါသူကိုတစ်နေရာရာမှာတွေ့ဖူးသလိုရှိနေတယ်ရော"

သူမကရတုကိုသေချာကြည့်ကာ ဇွဲဖက်ကိုလည်းမသိမသာစောင်းကြည့်ရင်း စဉ်းစားလိုက်သည်။

"အာ ငါသိပြီ။နင်ကမမဖြူရဲ့ရည်စားမလား"

သူမရဲ့အားရဝမ်းသာအပြောကို ရတုကလုံးဝမဖြေဘဲမသိချင်ယောင်ဆောင်ထားတာကြောင့် သူမထပ်ကာပြောလိုက်ပြန်သည်။

"မဖြူယမင်းဦးလေ"

"မဟုတ်ပါဘူး"

သူမကသူ့အဖြေကိုစောင့်နေသလို ဇွဲနှင့်ဒီပါကပါမသိမသာစောင့်‌ကြည့်နေကြသည်ကိုတွေ့တာကြောင့် ရတုပါးစပ်လှုပ်ရုံပြန်ဖြေလိုက်သည်။

သူမကရတုရဲ့လုံးဝမဖြေချင်တဲ့ပုံစံကိုသိသိသာသာမြင်နေတာတောင် လက်လျှော့ချင်ပုံမရဘဲဆက်ကာသာမေးလာပြန်သည်။

"Sorry ရည်းစားဟောင်း?"

ဒါပေမဲ့ဒီတစ်ခေါက်ကလုံးဝကိုမှန်နေတာကြောင့် ရတုမငြင်းသာဘဲဆိတ်ဆိတ်သာနေလိုက်သည်။တိတ်ဆိတ်ခြင်းကဝန်ခံခြင်းဆိုတာကိုသဘောပေါက်သွားတဲ့သူမကတော့ ရတုနှင့်ဇွဲကိုရန်တိုက်ပေးနေသလားအောက်မေ့ရတယ်။ပြဿနာဖြစ်စေမဲ့စကားတွေကိုပဲရွေးပြောလာသည်။ရတုမှာလည်းဘာမှမတတ်နိုင်ဘဲ ဇွဲကိုသာဘယ်အချိန်ပေါက်ကွဲမလဲဆိုတာကို ခိုးခိုးကြည့်နေရသည်။

"ငါသိသားပဲ။အဲဒါကြောင့်မြင်ဖူးပါတယ်မှတ်နေတာကို။ဒါနဲ့ မမဖြူနဲ့ကလိုက်ဖက်သားပဲကို ဘာလို့ပြတ်သွားကြရတာလဲ။နှမြောဖို့ကောင်းလိုက်တာ။ဒါပေမဲ့လေ မမဖြူကရည်းစားမရှိသေးဘူးသိလား။နင်စချင်ရင်စလို့ရသေးတယ်။ငါ့အမြင်မှာတော့ မမဖြူကလည်းနင့်အပေါ်စိတ်ရှိသေးတယ်ထင်...."

My Star(Complete)Where stories live. Discover now