Ch 18

414 20 11
                                    

Unicode

သူရိန် မနေ့ညက ကိုသူရဆီမှာအိပ်ပြီး မနက်မိုးလင်းတော့သန်လျင်ကို ချက်ချင်းတက်လာခဲ့လိုက်သည်။ပါးကဒဏ်ရာကို ညကဆေးမထည့်ဘဲအိပ်တော့ မနက်ကျပိုရောင်ရမ်းလာတာကြောင့် ဒီတစ်နေ့တော့ကျောင်းမသွားဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ သူရိန်တို့ကအဆောင်ခန်းထဲဝင်ဝင်ချင်းပဲ ပြဿနာစတက်တော့သည်။ပြဿနာကတော့ ဘယ်သူရှိရမလဲ။ကိုနေပေါ့။ဒဏ်ရာကိုမြင်တာနဲ့ ဘယ်ကရလာတာလဲ။ဘယ်သူလုပ်လိုက်တာလဲ။ဘယ်လိုဖြစ်လာတာလဲဆိုတာကို သူရိန့်ဆီကအဖြေကိုမကြားရမချင်း အတင်းစစ်မေးတော့သည်။

သူရိန်ကလည်း ဇွဲနှင့်ပတ်သက်တာမို့ သိပ်မဖြေချင်။ပြောရရင် ဒါကပြောလို့ကောင်းတဲ့ကိစ္စမှ မဟုတ်ပဲကို။ဒါပေမဲ့ ကိုစပ်စုစိန်က‌တော့ သူရိန်မပြောမချင်း သူလုပ်စရာရှိတာတွေတောင်မလုပ်ပဲ တစ်ချိန်လုံးသူရိန်နားကပ်ပြီး လိုက်မေးသည်။ကိုနေက သူရိန့်ကိုဖွင့်ပြောပြီးနောက်ပိုင်း အတော်ရဲလာပြီး အမြဲတမ်းသူရိန့်နား တပူးပူး၊တတွဲတွဲနေလာသည်။

သူရိန် ကိုနေအဲလိုလာလုပ်တဲ့အခါတိုင်း အမြဲငြင်းလွှတ်နေပေမဲ့ မသိစိတ်ထဲကနေ ပျောက်ကွယ်သွားမှာလည်းစိုးရိမ်နေပြန်ရော။ဒုတိယသူရိန်မဖြစ်စေချင်ဘူးလို့ပြောနေပေမဲ့ သူရိန်မရှက်တမ်းဝန်ခံရရင် ဒီလိုကိုနေနှင့်နေရတာကို သဘောကျသည်။ဒါပေမဲ့ စိတ်ထဲဇွဲရောက်လာတော့ ခံစားချက်တွေက ရောထွေးနေပြန်ရော။

အခုလည်းကြည့် သူရိန်ဘယ်လောက်ဘဲလျစ်လျူရှုထားပါစေ ကိုနေကတော့ကိုနေပင်။ သူရိန်ကမတောင်းဆိုပါဘဲနဲ့ သူရိန့်ဒဏ်ရာကို ဆေးထည့်ပေးဖို့ပြင်ဆင်နေပြန်သည်။

"အား ကျွတ် ကျွတ် ကျွတ်"

"အရမ်းစပ်နေလား။ဖူး~~~။ခနလေးပဲသည်းခံ။ခနလေးပဲ"

သူရိန် ပါးကရောင်ရမ်းနေတဲ့ဒဏ်ရာကိုဆေးထည့်ခံနေရသဖြင့် တစ်ချက်တစ်ချက်အရမ်းစပ်တာကြောင့် အသံလေးထွက်ကာညည်းမိလေတော့ သူရိန်မစပ်ရစေရန် ကိုနေကသူရိန့်ဒဏ်ရာကို သူ့နှုတ်ခမ်းဖူးဖူးလေးကလေဖြင့် တဖူးဖူး မှုတ်ပေးလာသည်။လက်ကလည်း သူရိန်နှုတ်ခမ်းပဲ့ကျသွားမှာစိုးတဲ့အလား မတို့ရက်၊မထိရက်ဖြစ်နေသည်။

My Star(Complete)Where stories live. Discover now